Politics, Law & Military
လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဆွေးနွေးအကြံပေး ဝန်ဆောင်မှု တရုတ်နိုင်ငံတွင် မကြာမီ စတင်မည်

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် လက်ထပ်မှတ်ပုံတင်သည့်နေရာ၌ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ လမ်းညွှန်မှု ရုံးကို ဖွင့်လှစ် မည် ဖြစ်ကြောင်း ပြည်သူ့ရေးရာ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့သည် လက်ထပ်မည့် စုံတွဲ သို့မဟုတ် မိသားစုများ၏ တောင်းဆိုချက်အရ အခမဲ့ ဆွေးနွေး အကြံပြုသွားမည် ဖြစ်သည်။
ယခုဖွင့်လှစ်မည့် ရုံးများသည် ဥပဒေနှင့် ဆက်ဆံရေးဆိုင်ရာ အကြံဉာဏ်၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး တိုင်ပင် ခြင်း သို့မဟုတ် လက်မထပ်မီ ဆောင်ရွက်ပုံနည်းလမ်းများအား တစ်ဦးချင်းအလိုက် ဝန်ဆောင်မှု ပေးမည် ဖြစ် သည်။
ပေကျင်း အပါအဝင် တရုတ်နိုင်ငံ၏ မြို့တချို့တွင် ဒေသဆိုင်ရာ ပြည်သူ့ရေးရာ အာဏာပိုင်များက ထိုသို့သော ဝန်ဆောင်မှုများအား စတင်ပေးနေပြီ ဖြစ်ပြီး ၎င်းစနစ်များအား ပြည်သူလူထုမှလည်း ကျယ်ကျယ်ပြန့်ပြန့် ကြိုဆို လက်ခံကြကြောင်း သိရသည်။
အဆိုပါ စည်းမျဉ်းစည်းကမ်း အသစ်သည် ယခုနှစ် ဖေဖော်ဝါရီလ ၂ တွင် အကျုံးဝင်မည် ဖြစ်သည်။ (Xinhua)