Connect with us

Politics, Law & Military

အနာဂတ်မျှဝေရေးအတွက် သံတမန်ရေး ကမ်းလှမ်းချက် အမြော်အမြင်အပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အတွေးအခေါ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သံတမန်ရေးရာ စီမံကိန်းတစ်ခုကို ပြီးခဲ့သည့် သီတင်းပတ် အစည်းအဝေးအတွင်း အကြမ်းဖျဉ်း ထုတ်ပြန်ခဲ့ပြီး အမျိုးသားသွေးသစ်လောင်းခြင်းကို နားလည်သဘောပေါက်စေရန်နှင့် လူသားတိုးတက်မှု မြှင့်တင်ရန် မောင်းနှင်မှုအား မီးမောင်းထိုးပြခဲ့သည်။

မြို့တော် ပေကျင်းတွင် ဇွန်လ ၂၂ ရက်မှ ၂၃ ရက်အထိ ပြုလုပ်သော ပြည်ပရေးရာများနှင့် ဆက်စပ်သော လုပ်ငန်းဆိုင်ရာ ဗဟို ညီလာခံ၌ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားခဲ့ရာတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံမှစ၍ တရုတ်နိုင်ငံ၏ သံတမန်ရေးတွင် အောင်မြင်မှုများနှင့် အတွေ့အကြုံများ ရရှိခဲ့သည်ကို အကျဉ်းချုံးဖော်ပြခဲ့သည်သာမက “ခေတ်သစ်တွင် တရုတ်သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ် သံခင်းတမန်ခင်းအပေါ် အတွေးအမြင်” ကိုလည်း ရှင်းလင်းစွာ အဓိပ္ပာယ်ဖော်ခဲ့သည်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက ၎င်း၏ မိန့်ခွန်းထဲတွင် နိုင်ငံရေး လမ်းညွှန်မှုအပေါ် ရှင်းလင်းချက်၊ သမိုင်းကြောင်းဆိုင်ရာ လုပ်ဆောင်မှုများ၊ အဓိက သံတမန်ဆိုင်ရာ အကြံဉာဏ်များ၊ မဟာဗျူဟာ အစီအစဉ်များနှင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း စသည်တို့နှင့်အတူ တရုတ်နိုင်ငံ၏ သံတမန်ရေးရာ လိုက်နာစောင့်ထိန်းသင့်သော အခြေခံမူ ၁၀ ချက်ကို စာရင်းထုတ်ပြန်ခဲ့သည်။

“ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာနှင်အတူ ရှီကျင့်ဖိန်၏ ဆိုရှယ်လစ် အတွေးအခေါ်” ၏ မရှိမဖြစ် အပိုင်းမှာ အခြေခံမူများသည် သံခင်းတမန်ခင်းတွင် အယူအဆပိုင်းဆိုင်ရာနှင့် လက်တွေ့ တီထွင်ဆန်းသစ်မှုများတွင် ရှီအား ဗဟိုပြုကာ CPC ဗဟိုကော်မတီမှ ချမှတ်ထားသော အောင်မြင်မှုများအဖြစ် မှတ်ယူထားနိုင်ရမည်ဖြစ်သည်။

အဆိုပါ အခြေခံမူများအရ တရုတ်နိုင်ငံသည် “အမျိုးသား သွေးသစ်လောင်းမှုကို ဖြည့်ဆည်းပေးမည့် တရုတ်သွင်ပြင်လက္ခဏာများနှင့်အတူ နိုင်ငံ၏ အဓိက အဆင့်မြင့် သံခင်းတမန်ခင်း” နှင့် “လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု မြှင့်တင်မည့် ရည်ရွယ်ချက်အဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုနောက်လိုက်လျှောက်ခြင်း” စသည်တို့အား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှီက မိန့်ခွန်းအတွင်း CPC ၁၉ ကြိမ်မြောက်နှင့် ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံကြားကာလအား “သမိုင်းတွင်သော အဆင့်” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့ အုပ်ချုပ်ရေးတွင် ပိုမိုတက်ကြွစွာ လုပ်ဆောင်ခြင်းသည် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးလာပေမည်။

တရုတ်နိုင်ငံ၏ သံတမန်ရေးရာ အတွေးအခေါ်များသည် နိုင်ငံတကာ အသိုက်အဝန်းတွင် အသိအမှတ်ပြုမှု တိုးတက်လာခဲ့သည်။ အနာဂတ်မျှဝေမှုရှိသော လူသားမျိုးနွယ်နှင့်အတူ လူ့အသိုက်အဝန်းတစ်ခုနှင့် ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်မှုတို့သည် ကုလသမဂ္ဂ သဘောတူညီချက်များတွင် ပေါင်းစပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အတွေးအခေါ်သစ်များသည် ခိုင်မာသော သံတမန်ရေးရာ ပြောင်းလဲမှုများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမှုအား ဖိတ်ခေါ်သည့် ဘိုးအောက်ဖိုရမ် (Boao Forum) ၊ ရှန်ဟိုင်းစိတ်ဓာတ်ကို နားလည်သဘောပေါက်စေရန် အလေးထားသည့် SCO ထိပ်သီးအစည်းအဝေးတို့ကို ကျင်းပခဲ့ပြီး ယခုနှစ်အတွင်း နောက်ထပ် အရေးကြီးသည့် နိုင်ငံတကာပွဲနှစ်ခုကိုလည်း ကျင်းပရန်ရှိပြီး ၎င်းတို့မှာ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ကို အလေးထားသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ပိုမိုပွင့်လင်းသော ဈေးကွက်စီးပွားရေးစနစ်အတွက် China International Import Expo တို့ ဖြစ်သည်။

တရုတ်နိုင်ငံသည် ခေတ်သစ်ကာလများတွင် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်မှုကာလနှင့် ကြီးကျယ်ပြီး မကြုံဖူးသော ပြောင်းလဲမှုများနှင့်အတူ တရုတ်သွင်ပြင်လက္ခဏာများနှင့် အဓိက သံတမန်ရေးရာ ကဏ္ဍသစ်ကို ဖွင့်လှစ်ပေတော့ မည် (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.