Connect with us

Politics, Law & Military

ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှု အတွက် တရုတ်က ကန်ဒေါ်လာ သန်း၅၀၀ ထောက်ပံ့မည်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှမိန်မြို့တွင်ပြုလုပ်သည့် BRICS ထိပ်သီးအစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှု အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် က စက်တင်ဘာ ၅ရက်တွင်ပြုလုပ်သည့် ပေါ်ထွန်းစ စီးပွားရေးဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ဆွေးနွေးမှု စကားဝိုင်း ၌ကြေညာခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စားနပ်ရိက္ခာရှားပါးမှု၊ ဒုက္ခသည်အရေး၊ ရာသီဥတုပြောင်းလဲမှု နှင့် အများပြည်သူကျန်းမာရေးစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် အဆိုပါ ရန်ပုံငွေအား အသုံးပြုသွားမည်ဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။

ရှီက ၂၀၁၈ခုနှစ်တွင် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများသည် တရုတ်နိုင်ငံ၌ လေ့ကျင့်သင်ကြားရေး အခွင့်အလမ်းပေါင်း ၄၀,၀၀၀ကျော် ရရှိနိုင်င်ရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှမိန်မြို့၌ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.