Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်း၌ တရုတ် အမျိုးသမီး ၉ ဦး ပါဝင်၊ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နံပါတ် ၂၆ နေရာတွင် ရှိ - Xinhua News Agency
Connect with us

Politics, Law & Military

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်း၌ တရုတ် အမျိုးသမီး ၉ ဦး ပါဝင်၊ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နံပါတ် ၂၆ နေရာတွင် ရှိ

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းတွင် ပါဝင်သည့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲ ၊ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ အတွင်းရေးမှူးချုပ် မာဂရက်ချန်း တို့အား တွေ့ရစဉ် (ဝဲမှယာ) (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အမေရိကန် စီးပွားရေး မဂ္ဂဇင်း ဖို့ဘ်မှ ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာပေါ်တွင် သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းအား ဇွန်လ ၆ ရက်က ထုတ်ပြန်ခဲ့ရာ တရုတ် အမျိုးသမီး စွမ်းဆောင်ရှင် ၉ ဦး ပါဝင် လာခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် ၂၆ နေရာတွင် ရှိနေ ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ e-commerce လုပ်ငန်းကြီး အလီဘာဘာ၏ အကြီးတန်း အလုပ်အမှုဆောင် လူစီ ဖျိန်က နံပါတ် ၃၅၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ အတွင်းရေးမှူးချုပ် မာဂရက်ချန်းက နံပါတ် ၃၈ ၊ Kingston Securities စီအီးအို ပိုလီယန်နာခြူးနှင့် ဂရိတ်ဝေါ မော်တော် ကုမ္ပဏီ စီအီးအို ဝမ်ဖျိန်ယင်တို့ အသီးသီး ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးများ စာရင်း၌ နံပါတ် ၂၆ နေရာတွင် ရှိနေသလို သြဇာအရှိဆုံး အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင် ၂၆ ဦးစာရင်းတွင်မူ နံပါတ် ၁၂ နေရာမှာ ရှိနေခဲ့သည်။
ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးများအား နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များနှင့် ပရဟိတ လုပ်ငန်း စသည့် နယ်ပယ်များမှ အမှုဆောင်အရာရှိချုပ် ၃၂ ဦးနှင့် ကမ္ဘာ့ခေါင်းဆောင် ၁၂ ဦးနှင့် ဘီလျံနာ ၁၁ ဦးအား ရွေးချယ်ခဲ့သည်။ နိုင်ငံပေါင်း ၂၉ ခုမှ အမျိုးသမီး ၁၀၀ ဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးအဖြစ် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲက ခြောက်နှစ်ဆက်တိုက် ပထမ နေရာတွင် ရှိနေပြီး အမေရိကန် သမ္မတလောင်း ကိုယ်စားလှယ် ဟီလာရီ ကလင်တန်က ဒုတိယ နေရာ၌ ရှိနေသည်။
Yahoo စီအီးအို မာရီဆာ မေယာက ယခုနှစ် စာရင်း၌ အငယ်ဆုံး အမျိုးသမီး အဖြစ် ပါဝင်ခဲ့သလို အသက် ၉၀ နှစ်အရွယ် ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ် ၂ က အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.