Politics, Law & Military
တရုတ်ဒုဝန်ကြီးချုပ် နှင့် အမေရိကန်စီးပွားရေးဝန်ကြီးတို့ ဖုန်းဖြင့်ဆွေးနွေးပြောဆို
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဝမ်ယန် သည် အောက်တိုဘာ ၂၇ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Wilbur Ross နှင့် ဖုန်းပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
နှစ်ဖက်ခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ မကြာခင်လာရောက်မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ်အတွင်း တရုတ်-အမေရိကန်စီးပွားရေး နှင့် ကုန်သွယ်ရေး ဆက်ဆံမှု နှင့် ဆက်စပ်နေသည့် အကြောင်းအရာများအပါအဝင် စီးပွားရေးဆိုင်ရာ ရလဒ်ကောင်းများရရှိရန် ကြိုတင်ပြင်ဆင်မှုများ နှင့် ပတ်သက်၍ လေးနက်စွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
ဒေါနယ်ထရမ့်သည် ၎င်း၏ အာရှငါးနိုင်ငံ ခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ နိုဝင်ဘာလတွင် ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပြီး ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွားရောက်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)