Connect with us

Politics, Law & Military

ဆင်းရဲနွမ်းပါးမှု လုံးဝပပျောက်ရေး အတွက် တရုတ်နိုင်ငံ၏ စံပြဆောင်ရွက်ချက်များ

တရုတ်နိုင်ငံရှိ လယ်ယာမြေတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေသည့် လယ်သမားများအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် တရုတ်နိုင်ငံ၏ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မှုများသည် နိုင်ငံတကာက အတုယူထိုက်သော စံပြဆောင်ရွက်ချက်များဖြစ်ပြီး တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှုများ စတင်ဆောင်ရွက်ခဲ့သည့် လွန်ခဲ့သော ဆယ်စုနှစ် ၃ခုမှစ၍ လူသန်းပေါင်း ၇၀၀ခန့်ကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်အောင် မှတ်တမ်းတင် ဆောင်ရွက်ပေးနိုင်ခဲ့ကာ ယင်းအရေအတွက်သည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၏ ၇၀ရာခိုင်နှုန်း ကို ကိုယ်စားပြုခြင်းလည်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း တစ်နှစ်ဝင်ငွေ တရုတ်ယွမ် ၂,၃၀၀ (အမေရိကန်ဒေါ်လာ ၃၄၈) သာရရှိသော ဝင်ငွေနည်းဆင်းရဲသားလူတန်းစားဦးရေကို ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် လူ၁၃သန်း (သို့) တစ်မိနစ်လျှင် လူ ၂၀ဦး အထိ လျော့ကျအောင်ဆောင်ရွက်ပြီး ဝင်ငွေတိုးပွားလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ယင်းအောင်မြင်မှုများသည် တရုတ်နိုင်ငံ၏ လျင်မြန်စွာတိုးတက်နေသည့်စီးပွားရေးစနစ် နှင့် စက်မှုလုပ်ငန်းများကြောင့် လွယ်ကူရိုးရှင်းစွာ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ပြည်သူများအတွက် ဦးစားပေးစဉ်းစားပြီး ဇွဲရှိရှိဆောင်ရွက်ခဲ့သော နိုင်ငံပိုင်စီမံကိန်းများ၏ ရလဒ်များပင်ဖြစ်သည်။

၁၉၇၀ပြည့်လွန်နှစ် နှောင်းပိုင်းနှစ်များမှ စ၍ တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရေရှည်စီမံကိန်းများကို အစပျိုးဆောင်ရွက်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းတစ်ခုကို တည်ထောင်ကာ အထူးရန်ပုံငွေများ ခွဲဝေပေးခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး ဒေသများကို ရွေးချယ်စိစစ်ပြီး ဗဟိုအစိုးရ နှင့် ချမ်းသာကြွယ်ဝသော အိမ်နီးချင်းဒေသများက ဆယ်စုနှစ်များစွာ ငွေကြေး၊ နည်းပညာ နှင့် အခြားအထောက်အပံ့များ ပံ့ပိုးကူညီပေးခဲ့သည်။

ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများအား ငွေကြေး နှင့် နိုင်ငံရေး အထောက်အပံ့များကို စံနှုန်းသတ်မှတ် ပံပိုးနေသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမူဝါဒ ကို ပိုမိုစုံလင်ကျယ်ပြန့်ပြီး ဆင်းရဲသားလူတန်းစားတို့၏ လိုအပ်ချက် အခြေအနေအမျိုးမျိုးနှင့် အံဝင်ခွင်ကျဖြစ်သော မူဝါဒများ နှင့် ၂၀၁၃ခုနှစ်တွင်အစားထိုးခဲ့သည်။

ခက်ခဲကြမ်းတမ်းသည့် တောင်တန်းဒေသများ နှင့် ခြောက်သွေ့မြေပြင်ဒေသများကဲ့သို့သော သဘာဝကျက်တီးမြေဒေသများတွင် နေထိုင်သူများကို အစိုးရက ဖြည့်ဆည်းထောက်ပံ့ပေးထားသော နေအိမ်အသစ်များထံသို့ ပြောင်းရွှေ့နေထိုင်လာစေရန် အားပေးတိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်မတိုင်မီ လူပေါင်း ၁၀သန်းခန့်ကို နေရာပြောင်းရွှေ့ပေးနိုင်မည်ဟု ခန့်မှန်းရသည်။

ကျွမ်းကျင်မှုအရင်းအမြစ်ရှိသော ရွှေ့ပြောင်းနေထိုင်သူများသည် အခွင့်အလမ်းကောင်းများဖြစ်သော စက်မှုလုပ်ငန်းမူဝါဒများ နှင့် ငွေကြေးဆိုင်ရာအထောက်အပံ့များရရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း (သို့) ဝင်ငွေကောင်းမွန်သည့် အလုပ်အကိုင်များအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်သော ဒေသများသို့ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။

ယင်းမူဝါဒများအား လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရန် အစိုးရက ထောက်ပံ့မှုများကို တိုးမြှင့်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ရန်ပုံငွေများ အား ဖြည့်ဆည်းထောက်ပံ့ရန် ဘီလီယံများစွာ ခွဲဝေပေးပြီး ဒေသခံများ၏ လူနေမှုအဆင့်အတန်း မြင့်တက်လာစေရန် တာဝန်ရှိသူ ၈၀၀,၀၀၀ခန့် စေလွှတ်ကာ အကူအညီပေးခဲ့သည်။

အိမ်ခြံမြေပိုင်ဆိုင်မှုအခွင့်အရေးပြုပြင်ပြောင်းလဲမှု တွင်လည်း တိုးတက်မှုများရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မြေယာလွှဲပြောင်းမှုအခွင့်အရေး အရ လယ်သမားများသည် ၎င်းတို့၏ မြေယာများကိုစုပေါင်းပိုင်ဆိုင်လာပြီး ပူးပေါင်းလုပ်ဆောင်မှုကဏ္ဍပိုမိုကျယ်ပြန့်လာကာ ပြိုင်ဘက်နည်းပါးလာ၍ ဝင်ငွေတိုးလာခဲ့ကြသည်။

ယင်းသို့ အံသြလေးစားဖွယ်ကောင်းသည့် တိုးတက်မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံသည် ထိုတိုးတက်မှုကို အခွင့်ကောင်းယူ၍ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမူဝါဒအပေါ် အားလျှော့ဆောင်ရွက်ခြင်းမရှိခဲ့ချေ။ တရုတ်နိုင်ငံ၏ လက်ရှိခေါင်းဆောင်က ကျေးလက်ဒေသများ၌ ဆင်းရဲနွမ်းပါးမှုကို ၂၀၂၀မတိုင်မီ အပြီးသတ်ပပျောက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပြီး ယင်းကတိက လူပေါင်း ၄၃သန်းခန့်၏ ဝင်ငွေနှင့် စားဝတ်နေရေးကို မြှင့်တင်ပေးမည်ဟု ရည်ရွယ်ခြင်းဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတော်ကောင်စီဦးဆောင်ဋ္ဌာန ညွှန်ကြားရေးမှူး လျှိုယုံဖူက တရုတ်နိုင်ငံ၏ နောက်ဆုံးလက်ကျန် အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် ဆောင်ရွက်ခြင်းသည် အခက်ခဲဆုံးဖြစ်လိမ့်မည် ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

နောက်ဆုံးလက်ကျန် ဆင်းရဲသားလူတန်းစားတွင် ကျွမ်းကျင်မှုအရင်းအမြစ်နည်းပါးသည့် မသန်စွမ်းများ နှင့် သက်ကြီးရွယ်အိုများ၊ သဘာဝအရင်းအမြစ်နည်းပါးပြီး ပတ်ဝန်းကျင်ပြောင်းလဲမှု နှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်မရှိသော နေရာဒေသများ နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမရှိသည့် နေရာဒေသများတွင် နေထိုင်သူများပါဝင်ကြ၍ ဆင်းရဲနွမ်းပါမှုပပျောက်ရေးလုပ်ငန်းစဉ်သည် အခက်ခဲဆုံးဖြစ်လာခြင်းဖြစ်သည်။

သို့ဖြစ်၍ ဆင်းရဲနွမ်းပါမှုပပျောက်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ရန်အတွက် ငွေကြေးအရင်းအနှီး အလုံးအရင်း နှင့် နည်းစနစ်ကျသည့် ခေါင်းဆောင်မှု ကို လိုအပ်ခြင်းဖြစ်သည်။

လာမည့်နှစ်အနည်းငယ်အတွင်း ပြုလုပ်မည့် ဆင်းရဲနွမ်းပါမှုပပျောက်ရေးလုပ်ငန်းစဉ်များ သည် မူဝါဒရေးဆွဲမှု နှင့် ပြီးမြောက်အောင်ဆောင်ရွက်မှုတို့အတွက် ခက်ခဲကြမ်းတမ်းသော စမ်းသပ်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။ ယခင်လုပ်ငန်းစဉ်များအတွင်း အထောက်အပံ့ရန်ပုံငွေ၏ အသုံးဝင်မှုမြှင့်တင်ခြင်းနှင့် အပြုသဘောဆောင်သည့် အလှူငွေများ ထည့်ဝင်ရုံမဟုတ်ဘဲ ဒေသခံပြည်သူများအနေဖြင့် အားကြိုးမာန်တက်ပါဝင်လာရန် လှုံ့ဆော်ပေးခြင်းစသည့် ပြဿနာများစွာကို ကြုံတွေ့ခဲ့ရပြီး ဖြေရှင်းရန် ကျန်ရှိနေဆဲဖြစ်သည်။

အကယ်၍ ဆင်းရဲနွမ်းပါမှုပပျောက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ပါက ယင်းအစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ လူအခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ အဓိက အထောက်အပံ့ပေးမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117