Politics, Law & Military
တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းဖြင့်ဆက်သွယ်၍ နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာများ ဆွေးနွေး

ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့သည် ဇွန် ၂၉ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှစ်ဖက်စလုံးသည် ဘုံသက်ဆိုင်မှုရှိသော နိုင်ငံတကာ နှင့် ဒေသတွင်းအရေးကိစ္စများ အပါအဝင် လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေး နှင့် ပတ်သက်သည့် အကြောင်းအရာများကို နှိုင်းယှဉ်ဆွေးနွေးခဲ့ပြီး နီးကပ်စွာ ဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းထားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)