Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း စက္ကူဖြူစာတမ်း ထုတ်ပြန်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

“တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO)” ဟု အမည်ပေးထားသည့် အစိုးရအစီရင်ခံစာ စက္ကူဖြူစာတမ်း (White Paper) တစ်စောင်အား ဇွန်လ ၂၈ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရက ထုတ်ပြန်ခဲ့သည့် စက္ကူဖြူစာတမ်းသည် ဘက်စုံကုန်သွယ်ရေးစနစ်အရဖြစ်သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကတိကဝတ်များကို အပြည့်အဝဆောင်ရွက်မည်ဟူသော တရုတ်နိုင်ငံ၏ အယူအဆ အပြည့်အစုံကို ဖော်ပြထားပြီး နိုင်ငံ၏ အခြေခံမူများ၊ ရပ်တည်ချက်များ၊ မူဝါဒများနှင့် ဘက်စုံကုန်သွယ်ရေးစနစ်ကို အလေးထားသော အဆိုပြုချက်များကို ရှင်းပြရန်နှင့် အဆင့်မြင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်စနစ် လုပ်ဆောင်ရာတွင် မျှော်မှန်းဆောင်ရွက်ထားကြောင်း ဖော်ပြထားသည်။

“တရုတ်နိုင်ငံက WTO ရဲ့ ကတိကဝတ်များကို ပြည့်စုံစွာ လိုက်နာဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ကမ္ဘာနှင့် ပိုမို တံခါးဖွင့်ကာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးတော့ အပြန်အလှန်အကျိုးရှိတဲ့ ရလဒ်များကို ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်ခဲ့ပါတယ်” ဟု စက္ကူဖြူစာတမ်း၌ ပါရှိသည်။

တရုတ်နိုင်ငံသည် WTO သို့ ၂၀၀၁ ခုနှစ်တွင် ပါဝင်ခဲ့သည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထဲသို့ တရုတ်နိုင်ငံ ပေါင်းစည်းလာခြင်း သမိုင်းမှတ်တိုင်တစ်ခုဖြစ်သလို ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး တံခါးဖွင့်လိုက်သည့် သမိုင်းစင်မြင့်တစ်ခု ပြုလုပ်ခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်စနစ် အခြေခံအမျိုးသားမူဝါဒကို လိုက်နာစောင့်ထိန်းခဲ့ပြီး ဖွံ့ဖြိုးမှုအတွက် နိုင်ငံ၏ စီးပွားရေးတံခါးကို ကျယ်ကျယ်ဖွင့်ထားနေပြီဖြစ်သည်။ ဘက်ပေါင်းစုံပါဝင်သော၊ အဆင့်မျိုးစုံပါဝင်သော ပုံစံတစ်ခုနှင့် ကျယ်ကျယ်ပြန့်ပြန့် တံခါးဖွင့်ကာ တဖြည်းဖြည်း ပုံဖော်သွားနေပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.