Politics, Law & Military
တရုတ်နိုင်ငံခြားရေး ဝန်ကြီး အမေရိကန် သွားမည်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ၏ ဖိတ်ကြားချက်ဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွား ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဖေဖော်ဝါရီလ ၂၂ ရက် ၌ပြောသည်။
နှစ်နိုင်ငံ ဆက်ဆံရေး၊ အများနှင့် ဆက်စပ်နေသည့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအား နိုင်ငံ ဆွေးနွေး ရန် မျှော်လင့်ထားကြောင်း ဟွာက ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ (Xinhua)