Politics, Law & Military
တရုတ်နိုင်ငံတွင် အွန်လိုင်းမော်ကွန်းတိုက် ပလက်ဖောင်း တည်ထောင်ရန်ရှိ

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အင်တာနက်မှတစ်ဆင့် အချက်အလက်များ ပိုမိုရရှိရန် မော်ကွန်းတိုက်ဆိုင်ရာ အမျိုးသား အွန်လိုင်းပလက်ဖောင်းတစ်ခု တည်ထောင်ရန် စတင်မည် ဖြစ်ကြောင်း မော်ကွန်းတိုက်များဆိုင်ရာ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ စီမံချက်ကို ပလက်ဖောင်း တည်ဆောက်ခြင်းနှင့်အတူ ယခုနှစ်တွင် စတင်မည် ဖြစ်ကြောင်း ဒေသဆိုင်ရာ မော်ကွန်းတိုက်များဆိုင်ရာ တာဝန်ရှိသူ ညွှန်ကြားရေးမှူးများတက်ရောက်သည့် အမျိုးသား ကွန်ဖရင့်တစ်ခု၌ အမျိုးသား မော်ကွန်းတိုက်များ စီမံအုပ်ချုပ်ရေး ဌာနမှူး လီမင်ဟွာ (Li Minghua) က ပြောကြားခဲ့သည်။ယင်းမှာ ကာလရှည် ပန်းတိုင်တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်း အဆင့်များအားလုံး၌ အထွေထွေ မော်ကွန်းတိုက် လုပ်ငန်းများအား ကွန်ရက်လွှမ်းခြုံနိုင်ရန် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ (Xinhua)