Connect with us

Politics, Law & Military

တရုတ်-ဥရောပ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အားသစ်ထပ်လောင်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီတလီနိုင်ငံ သမ္မတ ဆာဂို မတ်တာရယ်လာ (Sergio Mattarella)တို့တွေ့ဆုံဆွေးနွေးနေကြစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ)

စိမ်းလန်းစိုပြေသည့် ပွင့်လင်းနွေဦးနှစ်သစ်ကာလ သမ္မတ ရှီကျင့်ဖိန်၏ ၂၀၁၉ ခုနှစ် ပထမဦးဆုံး လည်ပတ်ရေးခရီးစဉ်သည် တရုတ်နိုင်ငံနှင့် အီတလီ၊ မိုနာကို၊ ပြင်သစ်နိုင်ငံများအကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးကို အဆင့်မြှင့်တင်ခြင်းဖြစ်သလို တရုတ်နိုင်ငံသည် ဥရောပနိုင်ငံများနှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးဆောင်သူ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းသူ ဖြစ်ကြောင်းကို လက်တွေ့ဆောင်ရွက် ပြသလိုက်ခြင်းပင်ဖြစ်သည်။

၎င်းမှာ တရုတ်-ဥရောပ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အားသစ် ထပ်လောင်းပေးခြင်းဖြစ်သလို နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အပေါင်းလက္ခဏာ အပြုသဘောဆောင် သွေးသစ်လောင်းပေးခြင်းပင်ဖြစ်သည်။

သမ္မတရှီ၏၂၀၁၉ ခုနှစ် ပထမဆုံး ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် ဥရောပသုံးနိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် အနာဂတ်စီမံချက်များရေးဆွဲကာ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုနှင့်ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ခြင်းဖြစ်သလို တရုတ်နိုင်ငံ၏ နိုင်ငံအသီးသီးနှင့် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားလိုသည့် သဘောဆန္ဒများကို ဖော်ဆောင်ပြသလျက်ရှိရာ အစဉ်အလာ ချစ်ကြည်ရေးကို ထပ်မံတိုးပွားစေပြီး ခေတ်သစ်ပူးပေါင်းဆောင်ရွက်မှုအနက်အဓိပ္ပါယ်သစ်ကိုဖွင့်လှစ်နိုင်ခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်ခြေလှမ်းကို ထပ်မံလျှောက်လှမ်းရန် တွန်းအားဖြစ်စေသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိုနာကိုနိုင်ငံ မင်းသားကြီး အယ်လ်ဘတ် ၂(Albert II)တို့ တွေ့ဆုံဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်(Emmanuel Macron)တို့ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

သမ္မတရှီ၏ ၂၀၁၉ ခုနှစ် ပထမဆုံးခရီးစဉ်သည် မဟာဗျူဟာမြောက်ညှိနှိုင်းဆွေးနွေးမှုများကို တစ်ဆင့်မြှင့်တင်ဆောင်ရွက်လိုခြင်း၊တရုတ်-ဥရောပဆက်ဆံရေး တည်ငြိမ်စွာတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်လိုခြင်း သဘောဆန္ဒ ဖော်ပြသလို နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်မှုကို ဆန့်ကျင်ခြင်း အပြုသဘောဆောင်သည့် တူညီသည့်ရပ်တည်ချက်များကိုလည်း ဖော်ပြရာ တရုတ်-ဥရောပ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် နက်နဲလာစေရန် လေးနက်သည့်အဓိပ္ပါယ်ရှိသည်။

နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းများကို အတူလိုက်နာဆောင်ရွက်ခြင်းဖြင့် တရုတ်-ဥရောပ ဆက်ဆံရေးရေရှည်တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရေးရာ ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို လက်တွေ့တည်ဆောက်ရမည်ဖြစ်သည်။

ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများကို အတူလိုက်နာဆောင်ရွက်ခြင်းဖြင့် တရုတ်-ဥရောပ ဆက်ဆံရေးရေရှည်တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခံအုတ်မြစ်ကို တည်ဆောက်ရမည်ဖြစ်သည်။

တရုတ်နှင့် ဥရောပ သုံးနိုင်ငံတို့၏မိတ်ဖက်ဆက်ဆံရေး ထဲထဲဝင်ဝင်ရှိစေရန် အတူအားထားဆောင်ရွက်ခြင်းဖြင့် တရုတ်-ဥရောပ ဆက်ဆံရေးရေရှည်တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုအခြေခံအုတ်မြစ်ကို တည်ဆောက်ရမည်ဖြစ်သည်။

နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းသစ် အတူတည်ဆောက်ခြင်းဖြင့် တရုတ်-ဥရောပ ဆက်ဆံရေးရေရှည်တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ပိုမိုကျယ်ပြန့်သည့်အနာဂတ်သစ်ကို တိုးချဲ့ရမည်ဖြစ်သည်။ ခေတ်သစ်ပိုးလမ်းမကြီးသည် တစ်ကမ္ဘာလုံးတွင်အများလက်ခံကြိုဆိုသည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။ တရုတ်-အီတလီ နှစ်နိုင်ငံအကြား ခေတ်သစ်ပိုးလမ်းမကြီး အတူ တွန်းအားပေးတည်ဆောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးထားပြီဖြစ်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်း စေသည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိသလို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ယင်းစီမံကိန်းကြီး တည်ဆောက်တွင် မော်ရိုကိုပါဝင်လာရန် တရုတ်နိုင်ငံက ကြိုဆိုလျက်ရှိသည်။ ပြင်သစ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကို အထူး အလေးထားကာ လက်တွေ့အကျိုးဖြစ်ထွန်းလာစေရန် ဆွေးနွေးညှိနှိုင်းသတ်မှတ်ပြီးသည့် ပိုးလမ်းမစီမံကိန်းများနှင့် Third-party ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အားသွန်ဆောင်ရွက်လျက်ရှိသည်။

သမိုင်းခေတ်ရေစီးကြောင်း အပြောင်းအလဲတွင် အဆိုပါ ငြိမ်းချမ်းရေးစွာဖွံ့ဖြိုးရေးအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ကာ အတူတကွသာယာဝပြောရေး လမ်းစဉ်ကို လျှောက်လှမ်းခြင်းသည် လူထုအများ၏ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်မည်ယုံကြည်သလို သမ္မတရှီ၏ ယခုခရီးစဉ် သည် ခေတ်သစ် တရုတ်-ဥရောပ ဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးရေးအတွက် အားသစ်လောင်း တွန်းအားပေးနိုင်မည် ဖြစ်ပြီး လှပသည့် အနာဂတ်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကျိုးသစ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.