Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံများ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်မည်

တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အဆင့်မြင့် အရာရှိကြီးများသည် သက်ဆိုင်ရာ နိုင်ငံများမှ ပြည်သူများအတွက် အကျိုးအမြတ်ရှိစေမည့် ခိုင်ခံ့သော လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားရန် ဒီဇင်ဘာလ ၁၅ ရက်က သဘောတူခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်း တာ့လီမြို့တွင် ကျင်းပခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ပိုမို မြှင့်တင်နိုင်ရေးနှင့် လန်ချန်း-မဲခေါင် နိုင်ငံများအကြား အနာဂတ် ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးများ မျှဝေမှုရှိသော လူမှုအသိုက်အဝန်း တစ်ခု တည်ဆောက်ရေးအတွက် သဘောတူညီချက်များ အကောင်အထည်ဖော်ရန် ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့သည်။

လန်ချန်း-မဲခေါင်မြစ်သည် အဆိုပါ ခြောက်နိုင်ငံအား သဘာဝက ပေးသော ချိတ်ဆက်မှု တစ်ခုဖြစ်သည်။ယင်း အစည်းအဝေး၌ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို အစည်းအဝေးသို့ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ကွန်ရက်ချိတ်ဆက်မှု၊ စက်မှုလုပ်ငန်းဆိုင်ရာ လုပ်ဆောင်နိုင်မှု၊ နယ်စပ်ဖြစ်ကျော် စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးစသည်တို့ အပါအဝင် အဓိက နယ်ပယ်များတွင် လုပ်ဆောင်ချက်များအား ပြောကြားခဲ့ကြသည်။ထို့ပြင် အဖွဲ့ဝင်နိုင်ငံ တစ်ခုစီ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ၊ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုနှင့် အာဆီယံ၏ ဆက်စပ်သော ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များနှင့်အတူ LMC အား စုပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် တက်ရောက်လာသည့် ခေါင်းဆောင်များက သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.