Connect with us

Politics, Law & Military

တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်ပေါ် အတူတကွ တိုးမြှင့်လျှောက်လှမ်းရန် သဘောတူညီ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် တို့ တရုတ်ဂုဏ်ပြုတပ်ဖွဲ့ ကို လိုက်လံစစ်ဆေးနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံခေါင်းဆောင် နှင့် တောင်ကိုရီးယားနိုင်ငံခေါင်းဆောင်(ROK) တို့သည် နှစ်နိုင်ငံဆက်ဆံရေး ကာလရှည်ကြာစွာ တည်ငြိမ်စွာဖြစ်ပေါ်တိုးတက်အောင် နှစ်ဖက်ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်သွားကြရန် ဒီဇင်ဘာ ၁၄ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်တို့ပေကျင်းမြို့၌ ပြုလုပ်သော ဆွေးနွေးပွဲအတွင်း အထက်ပါအတိုင်း ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်-တောင်ကိုရီးယားနိုင်ငံ သံတမန်ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံသို့ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် အား ကြိုဆိုနှုတ်ဆက်ခဲ့သည်။

တရုတ် နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများ နှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် နိုင်ငံများဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံစလုံးအနေဖြင့် နှစ်ဖက်အကျိုးစီးပွားအတွက် ကဏ္ဍမျိုးစုံတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အပြန်အလှန်ဖလှယ်ခြင်း များကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် ကိုရီးယားကျွန်းဆွယ် အခြေအနေအပေါ် နှစ်ဖက်အမြင်များကို ဖလှယ်ခဲ့ကြကြောင်း သိရသည်။ “ ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း နှင့် ကိုရီးယားကျွန်းဆွယ်၌ စစ်မက်ဖြစ်ပွားခြင်း(သို့မဟုတ်) ဝရုန်းသုန်းကား အခြေအနေမျိုးကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း” သမ္မတရှီက ဆိုသည်။

ကိုရီးယားကျွန်းဆွယ်အရေးကို တွေ့ဆုံဆွေးနွေးခြင်း နှင့် ညှိနှိုင်းအဖြေရှားခြင်း နည်းလမ်းတစ်ခုတည်းကသာ ဖြေရှင်းနိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်းလည်း ရှီက ဆက်လက်ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးသည် တရုတ် နှင့် တောင်ကိုရီးယား နှစ်နိုင်ငံစလုံး၏ ဘုံးအကျိုးစီးပွားအတွက် အလွန်အရေးကြီးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.