Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၊ အမြဲတမ်းအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ် ဟန်ကျန်းနှင့် ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါးနိုဗက်ခ်တို့ နိုဝင်ဘာ ၂၄ ရက်က ဗီဒီယိုလင့်မှတစ်ဆင့် ပြုလုပ်သော တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ၁၇ ကြိမ်မြောက်အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ သည် လက်တွေ့ကျသောအကျိုးရလဒ်များ ပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရေး ရည်ရွယ်ပြီး စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၄ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟန်ကျန့်နှင့် ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါးနိုဗက်ခ် (Alexander Novak) တို့က ပူးတွဲသဘာပတိအဖြစ် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သည့် တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ၁၇ ကြိမ်မြောက်အစည်းအဝေးတွင် ယခုကဲ့သို့ သဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၊ အမြဲတမ်းအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ် ဟန်ကျန်းအား နိုဝင်ဘာ ၂၄ ရက်က ဗီဒီယိုလင့်မှတစ်ဆင့် ပြုလုပ်သော တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ၁၇ ကြိမ်မြောက်အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
နှစ်နိုင်ငံခေါင်းဆောင်များ၏ စိတ်ဝင်စားမှုနှင့် မြှင့်တင်မှုအရ ခိုင်မာသော စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ချီးကျူးပြောကြားလျက် နှစ်နိုင်ငံကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုသည် စွမ်းအင်ကုန်သွယ်မှု အရင်းအမြစ်တိုးမြှင့်လျက်ရှိပြီး အဓိကစီမံကိန်းများမှာလည်း တည်ငြိမ်စွာ တိုးတက်နေသဖြင့် COVID-19 ရောဂါဖြစ်ပွားနေသည့်ကြားမှ အခိုင်အမာ ကြံ့ကြံ့ခံပြီး တက်တက်ကြွကြွရှိသည်ကို ပြသလျက်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၊ အမြဲတမ်းကော်မတီဝင်လည်းဖြစ်သူ ဟန်က ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် အရေးပါသော မဟာဗျူဟာမြောက် အဓိကစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှု တက်ကြွစွာမြှင့်တင်ရေး၊ စွမ်းအင်ကဏ္ဍတွင် အဆင့်မြင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များအဖြစ် အကောင်အထည်ပေါ်လာစေရန် ဟန်က တိုက်တွန်းခဲ့သည်။

စွမ်းအင်ဆိုင်ရာ ကိရိယာများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဟိုက်ဒရိုဂျင်စွမ်းအင် အပါအဝင် နယ်ပယ်သစ်များ၌ ပူးပေါင်းဆောင်ရွက်မှုအပြင် စွမ်းအင် ကုန်သွယ်ရေးနှင့် ငွေကြေးစီမံကိန်းများ၌ နှစ်နိုင်ငံငွေကြေးများ အသုံးပြုမှု တိုးတက်ရေးများအတွက်လည်း ဟန်က တိုက်တွန်းခဲ့သည်။

ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါးနိုဗက်ခ်က ရုရှားနိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များက ချမှတ်ထားသော အရေးပါသော သဘောတူညီမှုများ အကောင်အထည်ဖော်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေး၌ တရုတ်နိုင်ငံနှင့် အတူတကွ ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.