Politics, Law & Military
တရုတ်နိုင်ငံဝန်ကြီးချုပ်က နှစ်သစ်ကူးအခါသမယတွင် ပြည်သူများ လူမှုဘဝ သာယာစေကြောင်း ဆုမွန်တောင်း စကားဆို
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က နှစ်ကူးပွဲတော်ကာလ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Jilin ပြည်နယ်ခရီးစဉ်အတွင်း ဆင်းရဲနွမ်းပါးမှုပပျောက်စေရန် နှင့် ပြည်သူများ၏ လူမှုဘဝသာယာစေရန် ဆုမွန်တောင်း စကားဆိုခဲ့ကြောင်း သိရသည်။
Baicheng မြို့တော်၏ Zhenlai မြို့သို့ဖေဖော်ဝါရီ ၁၂ ရက် မှ ၁၃ ရက်ထိ သွားရောက် လှည့်လည်ကြည့်ရှုသည့်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေသခံများ နှင့်အတူ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Jilin ပြည်နယ်တွင် လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကို အသိအမှတ်ပြုခဲ့ပြီး အရှေ့မြောက်ပိုင်းဒေသ တိုးတက်လာစေရန် ပိုမိုကြိုးပမ်းအားထုတ်သွားကြရန်လည်း ဝန်ကြီးချုပ်က ဆိုသည်။
ပြည့်စုံမှုမရှိသည့် ကျေးရွာတစ်ရွာသို့သွားရောက်လည်ပတ်စဉ် လီက ကျေးလက်ဒေသခံများ နှင့် စကားလက်ဆုံပြောကြားခဲ့ပြီး နည်းလမ်းပေါင်းများစွာဖြင့် ၎င်းတို့၏ ပုံမှန်ဝင်ငွေများ ပိုမိုတိုးတက်လာစေရန် အားပေးစကားဆိုခဲ့သည်။ ၎င်းကျေးလက်နေပြည်သူများက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပိုမိုတွန်းအားပေးရန် အစိုးရအား တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
E- စီးပွားရေးသည် လယ်သမားများ၏ ဘဝရှင်သန်ရေးကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း နှင့် ပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း လီ ကဆိုသည်။
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ရွှေ့ပြောင်းလုပ်သားများ ဘတ်စ်ကားမှတ်တိုင်၌ စကားလက်ဆုံကျနေစဉ်(ဆင်ဟွာ)
လီသည် ပြန်လည်ပြင်ဆင်မွမ်းမံမှုများလုပ်ဆောင်ပေးရန် နှင့် ဘဝလူနေမှုခက်ခဲသော ဒေသတွင် နေထိုင်သူများ၏ တောင်းဆိုချက်ကို ထောက်ပံ့ပေးရန် မြို့တွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
လီသည် ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ ရွှေ့ပြောင်းလုပ်သားများနှင့်လည်း တွေ့ဆုံခဲ့ပြီး လမ်းမထက်၌ပင် စကားလက်ဆုံကျခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခေါင်းဆောင်များသည် နှစ်သစ်ကူးပွဲတော်ကာလတွင် နိုင်ငံတစ်ဝန်းရှိ သာမန်ပြည်သူများ နှင့် တွေ့ဆုံစကားပြောဆိုမှုမှာ ထုံးတမ်းအစဉ်အလာတစ်ခု ဖြစ်နေပြီး ၊ နှစ်ကူးပွဲတော်သည် တရုတ်ရိုးရာပြက္ခဒိန်တွင် အလွန်အရေးကြီးသော မိသားစုတွေ့ဆုံပွဲ အားလပ်ရက်ဖြစ်ကြောင်း သိရသည်။
တရုတ်နှစ်ကူးသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)