Connect with us

Politics, Law & Military

“ကျွန်တော့်ရဲ့ အလုပ်က ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ပါ” ဟု တရုတ်နှစ်သစ်ကူး လေ့လာရေးခရီး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြား


ချန်ဒူ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်ရိုးရာပြက္ခဒိန်အရ ကျရောက်မည့် တရုတ်နှစ်ကူးအခါသမယမကျရောက်မီတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ငလျင်လှုပ်ခတ်လေ့ရှိသောနေရာဖြစ်သည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ဝေးလံသော တောင်တန်းဒေသများရှိ ဆင်းရဲသား မိသားစုများထံသို့ သွားရောက်လည်ပတ်ကာ တရုတ်လူမျိုးများအတွက် အရေးကြီးဆုံး နှစ်ကူးပွဲတော်အတွက် ပြင်ဆင်နေကြသည့် ရွာသားများနှင့်အတူရှိခဲ့သည်။

စီချွမ်ပြည်နယ် Zhanqi ကျေးရွာ၌ကား နှစ်သစ် အားမာန်များဖြင့် ပြည့်နှက်တည်ရှိနေသည်ကို ခံစားရပေမည်။ ရွာသားများကလည်း နေအိမ်၌ ဖက်ထုပ်များပြုလုပ်ပြီး နှစ်သစ် စက္ကူပန်းလိပ်များ ရေးသား၍ မိသားစု ဓာတ်ပုံများ ရိုက်ကူးကြသည်။ တရုတ်ရိုးရာပြက္ခဒိန်အရ နှစ်သစ်ကူးသည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကျရောက်မည် ဖြစ်သည်။

သမ္မတ ရှီ ရောက်ရှိလာချိန်တွင် ရွာသားများက ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ကြောင်း ကြွေးကြော် နှုတ်ဆက်ခဲ့သည်။ သမ္မတ ရှီကလည်း ရွာသားများနှင့်အတူ အာလာပသလ္လာပစကားစမြည် ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ အလုပ်က ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ပါ” ဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ရှီက ပြောသည်။

ရှီက ဆက်၍ “ပြည်သူတွေကို ကောင်းမွန်တဲ့ဘဝတစ်ခု ရရှိစေဖို့က ကျွန်တော်တို့ ကွန်မြူနစ်ပါတီရဲ့ ရည်မှန်းချက်ပါပဲ” ဟု ဆိုသည်။

ထိုကျေးရွာ၌ပင် ရှီသည် ကျေးရွာသူရွာသားများက အင်တာနက်ကို အသုံးပြု၍ လယ်ယာထွက်ကုန် စီးပွားရေး လုပ်ကိုင်ခြင်းနှင့် လက်မှုပစ္စည်းများ ရောင်းချခြင်းများ မည်သို့ပြုလုပ်ကြသည်ကို သရုပ်ပြထားသော ဗီဒီယိုအား ကြည့်ရှုခဲ့သည်။

ထို့ပြင် ရှီသည် ဒေသခံ ပါတီ အမာခံပါတီဝင်များနှင့် အစိုးရတာဝန်ရှိသူများအား ပြည်သူအခြေပြု ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းသိမ်းကြရန် ပြောကြားခဲ့သည်။

ပြည်သူများအား ချစ်ခင်ကာ ပြည်သူများ၏ အကျိုးကျေးဇူးရှိရာရှိကြောင်း အမြဲတစေ လုပ်ဆောင်ရန် ရှီက ညွှန်ကြားခဲ့သည်။

သမ္မတ ရှီက လူမျိုးစုဒေသများသို့ နှစ်သစ် ပထမဆုံး လေ့လာရေးခရီး သွားရောက်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီက လူမျိုးစုဒေသများသို့ နှစ်သစ် ပထမဆုံး လေ့လာရေးခရီး သွားရောက်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီက လူမျိုးစုဒေသများသို့ နှစ်သစ် ပထမဆုံး လေ့လာရေးခရီး သွားရောက်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီက လူမျိုးစုဒေသများသို့ နှစ်သစ် ပထမဆုံး လေ့လာရေးခရီး သွားရောက်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီက လူမျိုးစုဒေသများသို့ နှစ်သစ် ပထမဆုံး လေ့လာရေးခရီး သွားရောက်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီက လူမျိုးစုဒေသများသို့ နှစ်သစ် ပထမဆုံး လေ့လာရေးခရီး သွားရောက်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီက လူမျိုးစုဒေသများသို့ နှစ်သစ် ပထမဆုံး လေ့လာရေးခရီး သွားရောက်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီက လူမျိုးစုဒေသများသို့ နှစ်သစ် ပထမဆုံး လေ့လာရေးခရီး သွားရောက်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှှီသည် ပြည်သူများနှင့် သက်ဆိုင်မှုအရှိဆုံး ပညာရေး၊ အလုပ်အကိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေး လုံခြုံမှုနှင့် ညွှန်ကြားချက် စသည်တို့ပြောကြားခဲ့ပြီး ပြည်သူများ ပို၍ ချမ်းသာပြီး ပျော်ရွှင် လုံခြုံမှုရှိစေရမည် ဖြစ်သည်ဟု ဆိုသည်။

ငလျင်ဒဏ်ခံရခြင်းမှ ပြန်လည်ထူထောင်ခြင်း

အဆိုပါ ကျေးရွာသို့ မလာမီ ရှီသည် ၂၀၀၈ ခုနှစ် မေလ ၁၂ ရက်တွင် ပြင်းအား ၈.၀ ရှိသော ငလျင်ဒဏ်ခံခဲ့ရသည့် Yingxiu နှင့် Wenchuan နယ်မြေများသို့ သွားရောက်လည်ပတ်ခဲ့သည်။

ယင်း ငလျင်ကြောင့် လူပေါင်း ၈၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ငလျင်ဒဏ်သင့်သူများအား ကယ်တင်ရင်းဖြင့် အသက်စွန့်သွားခဲ့သည့် သူရဲကောင်းများအတွက် ပြန်လည်အောက်မေ့သတိရသည့်အနေဖြင့် လွမ်းသူ့ပန်းများချခဲ့ပြီး ပျက်စီးခဲ့သော အလယ်တန်းကျောင်းသို့လည်း ရှီက သွားရောက်လေ့လာခဲ့သည်။

ထို အပျက်အစီးများကို ကာကွယ်ခြင်းဖြင့် ပညာရေးမျိုးချစ်စိတ်အတွက် အခြေခံဖြစ်လာရမည် ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။

Yinxiu ကျေးရွာ၌ ငလျင်ဒဏ်မှ ပြန်လည်ထူထောင်လာသော မြို့တစ်မြို့အား ရှီက မြင်တွေ့ခဲ့သည်။

လမ်းများက သန့်ရှင်းနေပြီး ဈေးဆိုင်များကလည်း အစီအရီ စည်းကမ်းတကျ ဖြစ်နေလေသည်။

ယခုလို ပြန်လည်ကောင်းမွန်လာခြင်းသည် ပါတီ၏ ခေါင်းဆောင်မှုနှင့် ဆိုရှယ်လစ်စနစ်၏ အားအင်များပင် ဖြစ်ကြောင်း၊ ဒေသခံများ၏ စီးပွားရေးနှင့် လူနေမှုဘဝများ ဆက်လက် တိုးတက်အောင် လုပ်ဆောင်ရန် ရှီက တိုက်တွန်းခဲ့သည်။

ဆင်းရဲနွမ်းပါးမှု စစ်ပွဲ

သမ္မတ ရှီ၏ နှစ်သစ် ပထမဆုံး လေ့လာရေးခရီးအား ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးသည့် နယ်မြေ တစ်ခုဖြစ်သော Liangshan Yi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဒေသရှိ နယ်မြေ ၁၇ ခုအနက် ၁၁ ခုအား ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးလုပ်ငန်း ဆောင်ရွက်ရန် အဓိကနေရာများအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ဒေသတွင် လူနည်းစုမျိုးနွယ် တစ်စုဖြစ်သော Yi မျိုးနွယ်များ နေထိုင်လျက်ရှိသည်။ ဝေးလံ၍ တောင်ထူထပ်သောဒေသ၌ နေထိုင်သူများဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားနည်းလျက်ရှိသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၅၀၀ တွင် တည်ရှိသော Yi ကျေးရွာများသို့ ရှီက အရောက်သွားခဲ့ပြီး ဆင်းရဲသား ရွာသူရွာသားများအား တွေ့ဆုံခဲ့သည်။

လူနည်းစုမျိုးနွယ် တစ်စု၊ မိသားစု တစ်ခု သို့မဟုတ် လူတစ်ဦး စသဖြင့် ခွဲခြားသတ်မှတ်မှုကို အတိတ်မှာ ထားခဲ့ပြီး အညီအမျှ ခေတ်မီ ကြွယ်ဝချမ်းသာသော လူမှုအသိုက်အဝန်း တစ်ခုတည်ဆောင်ကြမည်ဖြစ်ကြောင်း၊ ယင်းဒေသ၌ ဆင်းရဲနွမ်းပါးမှု မြင့်မားလွန်းသည့်အတွက် အခက်ခဲဆုံးလုပ်ငန်းတစ်ခု ဖြစ်နိုင်ကြောင်း ရှီက ပြောကြားခဲ့သည်။

“ဒါပေမဲ့ ဒီစစ်ပွဲ (ဆင်းရဲနွမ်းပါးမှု) ကို အနိုင်တိုက်ရမယ်” ဟု ရှီက ဖြည့်စွက်ပြောခဲ့သည်။

သမ္မတ ရှီ၏ ဦးဆောင်မှုအောက်၌ ၂၀၂၀ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုကို အပြီးတိုင် တိုက်ထုတ်မည် ဖြစ်ကြောင်း ကြွေးကြော်ထားသည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံရှိ ပြည်သူ ၆၈.၅၃ သန်းအား ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ် နှစ်ကုန်တွင် တရုတ်နိုင်ငံသား သန်း ၃၀ ဝန်းကျင်သည် နိုင်ငံ၏ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရှိနေသေးကြောင်း ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတော် ကောင်စီ ဦးဆောင်အဖွဲ့ရုံး၏ အဆိုအရ သိရသည်။

“ကျွန်တော်တို့ရဲ့ ဆိုရှယ်လစ်စနစ်က လူနည်းစုမျိုးနွယ်အားလုံးကို ကောင်းမွန်တဲ့ဘဝမှာ နေထိုင်စေဖို့ပါပဲ” ဟု ရှီက ပြောသည်။

စစ်မှန်သော စီးပွားရေး

စစ်ဆေးလေ့လာရေးခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖိန်သည် စီချွမ်ပြည်နယ်မြို့ ချန်ဒူရှိ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံတစ်ရုံသို့ သွားရောက်ခဲ့ပြီး Liquid crystals ထုတ်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ထုတ်ကုန်များ ဘေးကင်းရေး သတင်းအချက်အလက်များအား လေ့လာခဲ့သည်။

စစ်မှန်သော စီးပွားရေး၏ အဓိက အစိတ်အပိုင်းအဖြစ် ထည့်သွင်းစဉ်းစားနိုင်သော ဒီဂျစ်တယ် သတင်းအချက်အလက်ကဏ္ဍ၌ နောက်ဆုံးပေါ်လုပ်ငန်းအား စိတ်ဝင်တစား ကြည့်ရှုခဲ့သည်။

ထို့ပြင် ရှီက ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ရန်နှင့် ဆန်းသစ်တီထွင်မှု စွမ်းရည်များ တိုးတက်မှုရှိစေရန် ကုမ္ပဏီအား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံတွင် ထုတ်လုပ်သည် (Made-in-China) မှသည် တရုတ်နိုင်ငံတွင် တီထွင်သည် (Invented-in-China) အထိ ပြောင်းလဲရန် လိုအပ်ကြောင်း၊ တရုတ် ထုတ်ကုန် တံဆိပ်များ ဖန်တီးရာတွင် မြန်ဆန်မှုအစား အရည်အသွေးကို ဦးစားပေးရန် အလေးထား ပြောကြားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအား အရှိန်အဟုန်ဖြင့် တိုးတက်မှုမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအဖြစ်သို့ ပြောင်းလဲရန်နှင့် ခေတ်မီသော စီးပွားရေးတစ်ခုအထိ ရောက်ရှိရန် ပန်းတိုင်ထားရှိရန် ရှီက မီးမောင်းထိုးပြခဲ့သည်။

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ၌ ပါတီနှင့် နိုင်ငံအတွက် ရှေ့ဆက်မည့် လမ်းစဉ်အား ပြသခဲ့ကြောင်း၊ ဒေသခံ အမာခံပါတီဝင်များအနေဖြင့် အမျိုးမျိုးသော လုပ်ငန်းတာဝန်များအား ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်သူများ၏ အကျိုးကျေးဇူးရရှိစေရန်အတွက် ဖြစ်ကြောင်း ရှီက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.