Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြည်သူအတွက် တိုက်ပွဲဝင်ရန် တရုတ်စစ်တပ်အား တိုက်တွန်း

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် နှစ် ၉ဝ ပြည့်အခမ်းအနားတွင် မိန့် ခွန်းပြောကြားနေသော သမ္မတရှီ အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြည်သူအတွက်တိုက်ပွဲဝင်ရမည့် တာဝန်ဝတ္တရားများကို စိတ်နှလုံးထဲအမြဲသွင်းထားကြရန် တရုတ်စစ်တပ်အား တိုက်တွန်းစကားပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်သည် ယနေ့သြဂုတ်လ ၁ ရက်တွင် ကျရောက်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှစ် ၉ဝ ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သည် ပြည်သူမှပေါက်ဖွားလာခဲ့ခြင်းဖြစ်သလို ပြည်သူထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း သမ္မတရှီက ဆိုသည်။

ထို့ပြင်သမ္မတရှီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အား ပြည်သူများနှင့် နီးကပ်စွာဆက်ဆံသွားရန် နှင့် အခက်အခဲများ ရှိသော်လည်း ပြည်သူများနှင့် ဆက်ဆံမှုကို ထိန်းသိမ်းသွားရန် ပြောကြားခဲ့သည်။

PLA အနေဖြင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင်လည်း တက်ကြွစွာပါဝင်သင့်ကြောင်း နှင့် ပြည်သူတို့၏အကျိုးစီးပွားအတွက် လူမှုဖူလုံရေး အစီအစဉ်များတွင်လည်း ပါဝင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.