Connect with us

Politics, Law & Military

တရုတ်နိုင်ငံသို့မကာအို ပြန်လည်ရောက်ရှိခြင်း ၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

တရုတ်နိုင်ငံသို့ မကာအိုပြန်လည်ရောက်ရှိခြင်း ၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

မကာအို၊ဒီဇင်ဘာ၂၁ရက်(ဆင်ဟွာ)

ဒီဇင်ဘာ ၂ဝ ရက်တွင်ကျရောက်သည့် တရုတ်နိုင်ငံသို့မကာအိုပြန်လည်ရောက်ရှိခြင်း ၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့ နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) တည်ထောင်ခြင်း ၁၈ နှစ်မြောက် အခမ်းအနားကို မကာအိုပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

SAR အစိုးရအဖွဲ့သည် ရွှေအိုရောင်ကြာပန်းရင်ပြင်(Golden Lotus Square) ၌ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် နိုင်ငံတော်အလံကို တိုင်ထိပ်လွှင့်တင်ခဲ့ပြီး ၊ ယင်းအခမ်းအနားသို့မကာအိုအစိုးရအရာရှိကြီးများ ၊ လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မကာအိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တပ်ခွဲ ၂ ခုက နိုင်ငံတော်အလံ နှင့် မကာအိုအလံကို သယ်ဆောင်ကာ တိုင်ထိပ် ၂ ခုဆီသို့အလံတော်များကို အသီးသီးလွှင့်တင်ခဲ့သည်။ထို့နောက်အခမ်းအနားတက်ရောက်လာသော ပြည်သူ တစ်ထောင်ကျော် ၊ မကာအိုရဲတပ်ဖွဲ့၏ ဂုဏ်ပြုတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အကောက်ခွန်အရာရှိများက နိုင်ငံတော်သီချင်းကို သီဆိုပြီး အလံတော်ကို အလေးပြုခဲ့ကြောင်း သိရသည်။

ယင်းနံနက်ခင်းတွင် မကာအို ဒေသအခြေစိုက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း နိုင်ငံတော်အလံ လွှင့်တင်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

မကာအိုအုပ်ချုပ်ရေးမှူးChui Sai On က မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအစိုးရအနေဖြင့် မကာအိုဒေသ၏ စီးပွားရေးရလဒ်၊ စီးပွားရေးတည်ငြိမ်မှု အခြေအနေ ၊ ပြည်သူ့ဘဏ္ဍာရေးကောင်းမွန်မှု နှင့် အလုပ်လက်မဲ့နှုန်းလျော့ကျရေးများကို အကောင်းရှုမြင်၍ အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မကာအိုဒေသ၏ဖွံ့ဖြိုးတိုးတက်မှုသည် တစ်နိုင်ငံ ၊ မူဝါဒနှစ်ခု ( one country , two systems) ကျင့်သုံးခြင်း၏ အရေးပါမှု ရလဒ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနှစ်ပတ်လည်နေ့တွင် ပြည်သူ့ရေးရာဌာန Taipa အိမ်ယာများ၌ ပန်းအလှဆင်ခြင်းများ ခင်းကျင်းပြသထားမှာဖြစ်သလို အလှဆင်လေဗူပေါင်း ၅ဝ,ဝဝဝ ကျော်ကိုလည်း ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၇ ရက်ထိ ချိတ်ဆွဲ ပြသထားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.