Politics, Law & Military
တရုတ်နိုင်ငံ၏ အဓိက နိုင်ငံရေးညီလာခံများ တက်ရောက်သတင်းယူရန် သတင်းစာဆရာ ၃,၀၀၀ ကျော် တက်ရောက်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် မကြာမီကျင်းပမည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံများသို့ တက်ရောက်သတင်းယူရန် ပြည်ပမှ သတင်းစာဆရာ ၁,၀၀၀ ကျော်အပါအဝင် စုစုပေါင်း သတင်းထောက် ၃,၀၀၀ ကျော် စာရင်းပေးထားကြောင်း သိရသည်။
၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသားကော်မတီ တို့၏ ဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေးများအား မတ်လ ၅ ရက် နှင့် ၃ ရက်နေ့များတွင် အသီးသီး ပြုလုပ်သွားမည် ဖြစ်သည်။အဆိုပါ အစည်းအဝေးများအတွက် သတင်းစင်တာအား မြို့တော်ပေကျင်းရှိ မီဒီယာစင်တာဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲများစွာ လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။ယခုနှစ်သည် တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်နှစ်ပတ်လည်ဖြစ်သည့်အတွက် ထိုအစည်းအဝေးများက ကမ္ဘာတစ်ဝန်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)