Connect with us

Politics, Law & Military

တရုတ်နိုင်ငံက မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေးနွေးပွဲအောင်မြင်ရန် မျှော်လင့်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လုခန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မကြာမီကျင်းပမည့် ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အတို့အကြား ဆွေးနွေးပွဲအပေါ် အောင်မြင်မှုရရှိရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာပေါ်က နိုင်ငံအားလုံးဟာ မြောက်ကိုရီးယားနဲ့အမေရိကန်အကြား ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေး ၊ နျူကလီးယားကင်းစင်အောင်စဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့မှာ သူတို့အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်တွေအပေါ်အခြေခံပြီး ပိုမိုဆက်လက်ဆောင်ရွက်သွားနိုင်ဖို့မျှော်လင့်နေကြပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ လုခန်က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယအကြိမ်မြောက် ကင်-ထရမ့် ထိပ်သီးအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဖေဖော်ဝါရီ ၂၇ ရက် မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

“ ဗီယက်နမ်အစိုးရနဲ့ပြည်သူတွေဟာ ပြင်ဆင်မှုအပိုင်းကို အကောင်းဆုံးလုပ်ဆောင်ထားတာကို သတင်းအချက်အလက်တွေအရ ကျွန်တော်တို့တွေ့ရပါတယ်။ ထိပ်သီးဆွေးနွေးပွဲဟာ ပြင်ဆင်မှုအပိုင်းမှာ အကောင်းဆုံးဖြစ်မယ်လို့မျှော်လင့်ပါတယ် ” ဟု လုကဆိုသည်။

ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အဓိက အခန်းကဏ္ဍမှာ အရှေ့မြောက်အာရှ နှင့် ကျွန်းဆွယ်ဒေသ ထာဝရ တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေး အောင်မြင်စေရန် နှင့် ထိန်းသိမ်းရန် ၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန် ပင်ဖြစ်ကြောင်း လုက ထပ်လောင်းပြောကြားခဲ့သည်။

“ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ပတ်သက်ပြီး အဓိကပါဝင်ပတ်သက်နေတဲ့ မြောက်ကိုရီးယား နဲ့အမေရိကန် နှစ်နိုင်ငံအနေနဲ့အပြန်အလှန်လေးစားမှုအပေါ် အခြေခံထား လုပ်ဆောင်သွားသင့်ပါတယ်။ ပြီးတော့ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်စိုးရိမ်ပူပန်နေမှုတွေအပေါ် တာဝန်ယူမှု နဲ့ စိတ်ဆန္ဒရှိရှိ လုပ်ဆောင်သွားကြရမှာပါ” ဟု လု ကဆက်လက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ရည်မှန်းချက်ပန်းတိုင်များ ရောက်ရှိစေရန် ၎င်း၏ အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.