Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေး အတိုင်ပင်ခံ အဖွဲ့ နှစ်ပတ်လည် အစည်းအဝေး စတင်

တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ယွီကျန့်စန်းက အလုပ်အစီရင်ခံစာ ဖတ်ကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေး အတိုင်ပင်ခံ အဖွဲ့၏ တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ နှစ်ပတ်လည် အစည်းအဝေးအား ပေကျင်းမြို့တွင် စတင် ကျင်းပနေပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံနှင့် ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အဓိက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စရပ်များ ဆွေးနွေးရန် ညီလာခံ ကိုယ်စားလှယ် ၂,၀၀၀ ဦးကျော်ထံသို့ တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (Chinese People’s Political Consultative Conference National Committee= CPPCC) အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ယွီကျန့်စန်းက အလုပ် အစီရင်ခံစာ ဖတ်ကြားခဲ့သည်။

၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ၏ ၅ ကြိမ်မြောက် အစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမတွင် ပြုလုပ်သော အဆိုပါ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌနှင့် သမ္မတ ရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီခဲ့ချန်၊ ကျန်းတယ်ကျန်း၊ လျိုယွင်စန်း၊ ဝမ်ချီစန်းနှင့် ကျန်းကောလိတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.