Politics, Law & Military
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့တက်ရောက်မည်

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟန်ကျန့် (Han Zheng) သည် နှစ်စဉ်ကျင်းပသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ် နှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အကြား စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်(Geng Shuang) က စက်တင်ဘာလ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်သည်ပြပွဲ နှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ပွဲ ကို တရုတ်တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၏မြို့တော်ဖြစ်သော နန်နင်း တွင် စက်တင်ဘာလ ၂၁ ရက်မှ ၂၄ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ဖြစ်သော ဟန် နှင့် အတူ အာဆီယံနိုင်ငံများ မှ သက်ဆိုင်ရာခေါင်းဆောင်များ လည်း ၎င်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း Geng ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)