Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံတို့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကတိပြု

တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံတို့ အကြား သဘောတူညီချက်များအား ကဏ္ဍစုံအတွက် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာလ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံတို့ အကြား နယ်ပယ် ပေါင်းစုံ၌ တီထွင်ဆန်းသစ်မှု မှသည် ကုန်ထုတ်လုပ်မှု ကဏ္ဍသို့ ရောက်ရှိရေး၊ အရှေ့အာရှ နိုင်ငံများ အကြား မဟာဗျူဟာကျသော မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး စသည့် လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် လုပ်ဆောင်သွားကြရန် နှစ်နိုင်ငံခေါင်းဆောင်များ က အောက်တိုဘာလ ၃၁ ရက် တွင် ကတိပြု သဘောတူညီ ခဲ့ကြသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ ပက်ဂွမ်ဟေးတို့ တွေ့ဆုံ ဆွေးနွေး အပြီး တွင် ယင်းကဲ့သို့ သဘောတူညီ ခဲ့ကြခြင်း ဖြစ်သည်။ကုန်သွယ်ရေး နှင့် စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ သဘာဝ ပတ်ဝန်း ကျင် ကာကွယ်ရေး နှင့် ပြည်သူ အချင်းချင်း ဖလှယ်ရေး စသည့် ကဏ္ဍများအတွက် နှစ်နိုင်ငံ စီးပွားရေး စာချုပ် နှင့် အစိုးရ သဘော တူညီချက် ၁၇ ခုအား ဝန်ကြီးချုပ် လီ နှင့် သမ္မတ ပက် တို့ကို သက်သေထားပြီး လက်မှတ် ရေးထိုးခဲ့ကြသည်။

တရုတ် ခေတ်သစ် ပိုးလမ်းမကြီး နှင့် တောင်ကိုရီးယား Eurasia Initative ၊ အများ နှင့် ဆိုင်သော လုပ်ငန်းများ နှင့် ဆန်းသစ် ပြောင်းလဲခြင်း နှင့် ထိုးထွင်း တီထွင်မှုရှိသော ဈေးကွက်အတွက် တောင်ကိုရီးယား၏ မဟာဗျူဟာ၊ Made in China 2025 နှင့် ကုန်ထုတ်လုပ်မှု ဆန်းသစ်ရေးအတွက် တောင်ကိုရီးယား၏ 3.0 မဟာဗျူဟာ စသည်တို့အား တတိယမြောက် ဈေးကွက်များသို့ ချဲ့ထွင်နိုင်ရန် နှစ်နိုင်ငံလုံး ကြိုးပမ်း အားထုတ်သွား သင့်ကြောင်း လီက ပြောသည်။

ယမန်နှစ် က ပေကျင်း နှင့် ဆိုလ်းတို့ အကြား ဖွံ့ဖြိုး တိုးတက်မှု၊ ဒေသ ငြိမ်းချမ်းရေး၊ အာရှနိုင်ငံများ ပြန်လည် အားကောင်း အသက် ဝင်လာစေရန် နှင့် ကမ္ဘာ့ ကြွယ်ဝချမ်းသာမှုများ အတွက် ရှေ့ဆက်ဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ဆောင်ရွက် ခဲ့ကြသည်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နှင့် သွင်းကုန် အရင်းအမြစ် တစ်ခုဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကလည်း တရုတ်နိုင်ငံ ၏ တတိယမြောက် အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ယခုနှစ်ကုန်၌ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ အထိရောက် ရှိရန် မျှော်မှန်းထားသည်။

လီ နှင့် ပက် တို့ တွေ့ဆုံစဉ် တွင် ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးအား စောနိုင်သမျှ စောစော ကြေညာနိုင်ရန်၊ အစဉ်အလာမဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှုများ၊ ဥပဒေ အကျိုးသက်ရောက်မှု ရှိစေရေး နှင့် သဘာဝဘေး လျော့ကျရေး စသည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရန် လီက တိုက်တွန်းထားသည်။

ထို့ပြင် လီက အရှေ့အာရှ ဒေသအတွင်း စုစည်းမှု ရှိစေရေး နှင့် ပတ်သက်၍ တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု ဖော်ဆောင်ရေး ညှိနှိုင်းမှု လွယ်ကူစေရန် နှင့် ဒေသဆိုင်ရာ ကျယ်ပြန့်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Patnership= RCEP) ဖြင့် ဒေသတွင်း ချိတ် ဆက်မှု ပိုကောင်းလာစေရန် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုက်သည်။

သမ္မတ ပက် ကလည်း နှစ်နိုင်ငံ ခေါင်းဆောင်များအကြား နီးကပ်စွာ ဆက်သွယ်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးမှု စီမံနိုင်သလို ကိုရီးယား ကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှ တစ်ခွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက်လည်း လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် တရုတ်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်မှုဇုံ တည်ထောင်ရေးအား သဘောတူလက်မှတ်ရေး ထိုးနိုင်ရေး နှင့် ထိရောက်မှု ရှိနိုင်ရေး မျှော်လင့်ထားကြောင်း ပက်က ပြောသည်။

တောင်ကိုရီးယားနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ဆက်လက် လုပ်ဆောင် သွားမည်ဟု သမ္မတ ပက်ဂွမ်ဟေးက ကတိပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.