Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် မက္ကဆီကိုနိုင်ငံ သမ္မတ နှစ်ဦး တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံံသမ္မတ ရှီကျင့်ဖိန်နှင့် မက္ကဆီကိုနိုင်ငံသမ္မတ အန်းရစ်ပီနာနီအက်တို တို့အား G-20 အစည်းအဝေး၌ တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မက္ကဆီကိုနိုင်ငံသမ္မတ အန်းရစ်ပီနာနီအက်တို (Enrique Pena Nieto) နှင့် စက်တင်ဘာလ လ ၄ ရက်ကတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက် လက်တွဲဖက်များအဖြစ် ပိုမိုခိုင်မာစွာ ရပ်တည်သွားရန် သဘောတူခဲ့ကြသည်။

မက္ကဆီကိုနိုင်ငံသမ္မတ အန်းရစ်ပီနာနီအက်တိုသည် G-20 အစည်းအဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံအရှေ့ပိုင်းဟန်ကျိုးမြို့သို့ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံအကြားတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေးနှင့် စွမ်းအင်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်များကိုတွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာရေး၊အကျိုးစီးပွားများမျှဝေရေး၊နှစ်နိုင်ငံပြည်သူတို့အကြားနားလည်မှုတိုးမြှင့်ရေးတို့ကို မက္ကဆီကိုနိုင်ငံ နှင့် ပူးတွဲဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းနှင့် ထိုမှတစ်ဆင့် နိုင်ငံမဟာဗျူဟာမြောက် လက်တွဲဖက်များအဖြစ် ပိုမိုခိုင်မာစွာရပ်တည်
သွားနိုင်မည်ဖြစ်ကြောင်း သမ္မတရှီက ပြောခဲ့သည်။

ထို့ပြင်၎င်းက နှစ်နိုင်ငံအကြားအဆင့်မြင့်လဲလှယ်မှု၊ဆက်ဆံမှုတိုးမြှင့်မှု တို့အပြင်နယ်ပယ်များစွာ၌ လာမည့်ငါးနှစ်အတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက်လမ်းပြမြေပုံ တစ်ရပ်ရေးဆွဲရန်လည်းပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံသမ္မတ အန်းရစ်ပီနာနီအက်တိုကလည်း တရုတ်နိုင်ငံသည် မက္ကဆီကိုနိုင်ငံ၏အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံနှင့် အရေးကြီးသောကုန်သွယ်ဖက် နိုင်ငံဖြစ်ကြောင်း၊ မက္ကဆီကိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ငွေရေးကြေးရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် အထူးစီးပွားရေးဇုံ
ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောခဲ့သည်။ (Xinhua)