Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့ သဘောတူညီမှု ၃၀ ကျော် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev တို့ ၂၀ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန် အစည်းအဝေးတွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သည် စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး၊ အဆင့်မြင့်နည်းပညာ အပါအဝင် အခြား နယ် ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီမှု ၃၀ ကျော်အား ဒီဇင်ဘာလ ၁၇ ရက်၌ ပြုလုပ် သည့် ၂၀ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန် အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည်။

နှစ်နိုင်ငံ စွမ်းအင် လုပ်ငန်းကြီးများ ဖြစ်သော Sinopec နှင့် Rosneft တို့သည် ရေနံနှင့် ဓာတ်ငွေ့ စီမံကိန်း များအတွက် လက်မှတ်ရေးထိုးခဲ့ ပြီး နယ်စပ်ဖြတ်ကျော် တရုတ်-ရုရှား သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆိုက်ဘေး ရီးယား အရှေ့ပိုင်းလမ်းကြောင်းအား ဒီဇိုင်းနှင့် တည် ဆောက်ရေး အပိုင်း လုပ်ဆောင်နေသည့် CNPC နှင့် Gazprom တို့အား ပေးအပ်လုပ်ကိုင်သွားမည် ဖြစ်သည်။

တရုတ် ဖွံ့ဖြိုးမှု ဘဏ်နှင့် ရုရှားနိုင်ငံ ကော်ပိုရေးရှင်း Vnesheconombank (VEB) တို့ကလည်း ချေးငွေ ယွမ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလီယံ) ပေးရန် အတွက် သဘောတူလက်မှတ် ရေးထိုးထား ခဲ့သည်။

“ဒီလို သဘောတူညီမှုအ အများကြီး လက်မှတ်ရေးထိုးလိုက်နိုင်တာဟာ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြင့်လာခြင်းရဲ့ သက်သေပဲ၊ ဒါကို အသေအချာ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်” ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ပြောသည်။

ထို့ပြင် စီးပွားရေး နယ်ပယ်သစ်အတွက် စက်မှုလုပ်ငန်း စွမ်းရည် နှင့် ထုတ်လုပ်ရေးသုံး ပစ္စည်း ထုတ်လုပ်ခြင်း အား ပူးတွဲလုပ်ကိုင်ခြင်း၊ အဓိကကျသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အကောင်အထည်ဖော်ရေး တိုက်တွန်းခြင်း၊ စွမ်းအင်၊ ငွေကြေး၊ လေကြောင်း၊ စိုက်ပျိုးရေးနှင့် စစ်ရေးနည်းပညာ စသည့် နယ်ပယ်များ၌ ပိုမို ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံက အဆိုပြုလိုက်သည်။

ထို့အတူ ခေတ်သစ်ပိုးလမ်းမ စီးပွားရေး လှုပ်ရှားမှုတွင် ရုရှားနိုင်ငံနှင့်အတူ ဖွံ့ဖြိုးမှု မဟာဗျူဟာကျကျ ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း လီက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ဝန်ကြီးချုပ် မက်ဗီးဒက်ဗ် (Medvedev) က ရုရှားနှင့် တရုတ်နိုင်ငံတို့သည် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ကြောင်း၊ ဂျုံ၊ ပြောင်း၊ ဆန်၊ ပဲပိစပ် စသည့် လယ်ယာထွက်ကုန်များအား ရုရှားမှ တရုတ်သို့ တင်ပို့ရာတွင် လိုအပ်သည့်အရာများ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအတွက် ဂုဏ်ယူကြောင်း ပြောကြား ခဲ့သည်။

ရုရှားနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် နည်းလမ်းသစ်များ ရှာဖွေရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထား သလို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ သတ္တုအရင်းအမြစ်များ၊ ရေနံနှင့် ဓာတ်ငွေ့များ၊ နျူကလီးယား၊ အာကာသ၊ စိုက်ပျိုးရေး၊ ငွေရေးကြေးရေးနှင့် စစ်ရေးနည်းပညာများ စသည့် ကဏ္ဍများတွက် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများ ပို၍ လုပ်ဆောင်နိုင်ရန် မက်ဗီးဒက်ဗ် က အကြံပြုထားသည်။

ထို့ပြင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တွင် ပြုလုပ်မည့် China-Russia Media Exchange Year အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြင်ဆင်ရေး နှစ်နိုင်ငံ သဘောတူခဲ့သည်။ နှစ်နိုင်ငံ မီဒီယာ အချင်းချင်း နားလည်မှု ရှိခြင်း နှင့် ပြည်သူအချင်းချင်း ရင်းနှီး ချစ်ခင်မှု ရှိရေးအတွက်လည်း လီနှင့် မက်ဗီးဒက်ဗ် တို့က ဆွေးနွေးခဲ့သည်။
၎င်းတို့ နှစ်ဦး တွေ့ဆုံဆွေးနွေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အ စည်း နှင့် အကြမ်းဖက်မှု ပူးတွဲတိုက်ဖျက်ရေး မြှင့်တင်ရန် ကတိပြုကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.