Connect with us

Politics, Law & Military

ခရစ္စမတ် လုံခြုံရေးအတွက် အဝါရောင်အဆင့် သတိပေးချက် ပေကျင်း ရဲတပ်ဖွဲ့ ကနဦးထုတ်ပြန်

ပေကျင်းမြို့ တွင် ခရစ္စမတ်အကြို ရောင်စုံမီးများဖြင့် အလှဆင်ထားစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ခရစ္စမတ် ကာလ အချိန်အတွင်း ရှော့ပင်းမောလ် နှင့် ဈေးဝယ်စင်တာ အကြီးစား နှင့် အလတ်စားများတွက် လုံခြုံရေး သတိပေးအဆင့် အဝါရောင်အဖြစ် ဒီဇင်ဘာလ ၂၄ ရက်က ပေကျင်း ရဲတပ်ဖွဲ့က သတ်မှတ်လိုက် ကြောင်း တရားဝင် မိုက်ခရို ဘလော့ခ် စာမျက်နှာတွင် ကြေညာထားသည်။

ခရစ္စမတ်ရာသီချိန် ပိတ်ရက်ရှည်ကာလ ရောက်ရှိလာသလို လူအများကလည်း ဈေးဝယ်ထွက်ခြင်း၊ အပန်းဖြေ ခြင်းနှင့် အထိမ်းအ မှတ်ဆိုင်ရာ ညစာစားပွဲ ကျင်းပခြင်း စသည်တို့ များပြားလာနိုင်သည့်အတွက် သတိထားရန် ရဲတပ်ဖွဲ့ ကြေညာချက်အား Sina Weibo မိုက်ခရိုဘလော့တွင် ဖော်ပြထားသည်။

ပေကျင်း ရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေးအား ထိခိုက်စေမည့် မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို ခွင့်ပြုပေးမည် မဟုတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

အစိုးရ လုံခြုံရေးဆိုင်ရာ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်း အရ အဝါရောင် အဆင့်ဆိုသည်မှာ အစိမ်း၊ အဝါ၊ လိမ္မော် နှင့် အနီ စသဖြင့် သတိပေးအဆင့် လေးဆင့်ရှိသည့် အနက် ဒုတိယမြောက် အဆင့်ဖြစ်သည်။

အဝါရောင်အဆင့် အဓိပ္ပါယ်ကတော့ သတ်မှတ်ထားသည့် ရှော့ပင်း မောလ်နှင့် ဈေးဝယ်စင်တာများတွင် စစ် သား ဦ်းရေ ၆၀ ရာခိုင်နှုန်း ထားရှိပြီး သံသယရှိ လူများ၊ ပစ္စည်းများနှင့် ယာဉ်များအား လုံခြုံရေးဆိုင်ရာ စစ်ဆေး ခြင်း၊ အများပြည်သူဆိုင်ရာ နေရာများရှိ အမှိုက်ပုံးများကိုလည်း မိနစ် ၃၀ ကြာတိုင်း တစ်ကြိမ်ခန့် စစ်ဆေးခြင်း စသဖြင့် အဆိုပါ စည်းမျဉ်းစည်းကမ်းတွင် ဖော်ပြထားကြောင်း သိရသည်။ (Xinhua)