Politics, Law & Military
တရုတ်နိုင်ငံ လေယာဉ်တင်သင်္ဘော ဒေသတွင်း စစ်ရေယာဉ်အုပ်စုဖြင့် လေ့ကျင့်မှုပြုလုပ်
ABOARD LIAONING AIRCRAFT CARRIER ၊ဇူလိုင် ၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ လေယာဉ်တင်သင်္ဘော Liaoning ပါဝင်သော စစ်ရေယာဉ်အုပ်စုသည် တရုတ်နိုင်ငံ အရှေ ့ပိုင်း Qingdao မှ ဇွန်လ ၂၅ ရက်တွင် စတင်ထွက်ခွာလာသည့် အချိန်ကတည်းက ဒေသတွင်း ဖြတ်ကျော်လေ့ကျင့်မှု အစီအစဉ်များကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်အုပ်စု လေ့ကျင့်မှုအစီအစဉ်တွင် ဖျက်သင်္ဘော Jinan နှင့် Yinchuan ၊ ဖရီးဂိတ်သင်္ဘော Yantai ၊ J-15 ဂျက်တိုက်လေယာဉ် အုပ်စု နှင့် ရဟတ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။
ယခုစစ်ရေးလေ့ကျင့်မှုသည် ယခင်ကာလများက ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများကဲ့သို့ပင် စစ်သင်္ဘောများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ၊ မတူကွဲပြားသော ပင်လယ်ပြင်ဒေသများတွင် လေယာဉ်မှူးများ နှင့် သင်္ဘောသားများ ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရေး အတွက် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောLiaoning ပေါ်သို့တိုက်လေယာဉ် တစ်စင်း ဆင်းသက်နေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောLiaoning ပေါ်သို့တိုက်လေယာဉ် တစ်စင်း ဆင်းသက်နေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောLiaoning ပေါ်သို့တိုက်လေယာဉ် တစ်စင်း ဆင်းသက်နေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောLiaoning ပေါ်သို့တိုက်လေယာဉ် တစ်စင်း ဆင်းသက်နေစဉ် (ဆင်ဟွာ)
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အခြေစိုက်ထားသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ နှစ် ၂ဝ ပြည့် အခမ်းအနားကို ဆင်နွှဲရန် အတွက် စစ်ရေယာဉ်အုပ်စုသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR)သို့ဇူလိုင်လ အစောပိုင်းကတည်းက ရောက်ရှိခဲ့ကြောင်း PLA ရေတပ်ပြောရေးဆိုခွင့်ရှိသူ Liang Yang က ဇူလိုင် ၂ ရက်တွင်ပြောကြားခဲ့သည်။
စစ်တပ်အရာရှိများ နှင့် တပ်ဖွဲ့ဝင်များသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ PLA တပ်ဖွဲ့ဝင်များ နှင့် ဟောင်ကောင် ဒေသခံများ နှင့်အတူ ကဏ္ဍစုံတွင် အပြန်အလှန်ဖလှယ်ရေး နှင့် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ စစ်သင်္ဘောများကို အများပြည်သူများ တက်ရောက်လည်ပတ်နိုင်ရန် ဖွင့်လှစ်ထားပေးမည်ဖြစ်ကြောင်း Liang က ပြောကြားခဲ့သည်။(Xinhua)