Connect with us

Politics, Law & Military

မြောက်ကိုရီးယား အရေး နှင့် ပတ်သက်၍ တရုတ်-ရုရှား နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် ထုတ်ပြန်

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov တို့ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ နှင့် ရုရှား နိုင်ငံ ခြားရေး ဝန်ကြီးဌာန ဝန်ကြီး Sergey Lavrov တို့သည် ဇူလိုင်လ ၄ ရက်နေ့ တွင် ရုရှား နိုင်ငံ မော်စကို မြို့၌ မြောက်ကိုရီးယား အရေး နှင့် ပတ်သက်၍ တရုတ်-ရုရှား နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက် တွင် မြောက်ကိုရီးယား နိုင်ငံ မှ ဇူလိုင်လ ၄ ရက်နေ့တွင် တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်ခဲ့သည် ဟုကြေညာခဲ့ကြောင်း ၊ တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် ယင်းအပြုအမူ သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် ကို ဆိုးရွားစွာ ချိုးဖောက်ရာရောက်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ယင်းအပြုအမူ ကို လက်မခံနိုင်ကြောင်း နှင့် မြောက်ကိုရီးယား နိုင်ငံ အား လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် ကို တိကျစွာ လိုက်နာရန် တိုက်တွန်းကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက် တွင် တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့က ကိုရီးယား ကျွန်းဆွယ် နှင့် အနီးတစ်ဝိုက် တွင် ဖြစ်ပေါ်နေသည့် အခြေအနေ တို့ကို အလေးအနက် စောင့်ကြည့်နေကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တင်းမာမှု နှင့် သဘောထား ကွဲလွဲမှု တို့ကို တိုးပွားစေသည့် မည်သည့် အပြောအဆို ကိုမှ လက်မခံကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံ တို့မှ ချုပ်ထိန်းကာ ရန်ပြုသော ၊ စစ်လိုလားသော အပြောအဆိုများကို ရှောင်ရှားရန် တိုက်တွန်းကြောင်း ၊ တောင်းဆိုချက်မဲ့ ဆွေးနွေးမှု ပြုလိုသော သဘောထားကို အကောင်အထည်ဖော်ကာ တင်းမာမှု အခြေအနေ လျှော့ကျရန် ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ပါဝင် ခဲ့သည်။

တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ က မြောက်ကိုရီးယား နိုင်ငံ အား မိမိသဘောအရ နျူကလီးယားစမ်းသပ်မှု နှင့် တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု တို့ကို ရပ်တန့်သည့် နိုင်ငံရေး ဆုံးဖြတ်ချက် ချမှတ်ရန် အကြံပြုကြောင်း ၊ အမေရိကန် နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံ တို့မှလည်း အတိုင်းအတာ ကြီးမား သည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်ရန် အကြံပြုကြောင်း ပါဝင် ခဲ့သည်။

တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ က သက်ဆိုင်ရာ နိုင်ငံ အသီးသီး တို့မှ “9.19 ပူးတွဲကြေညာချက်” တွင် ပါရှိသည့် ကတိပြုချက်များကို လိုက်နာရန် တိုက်တွန်းကြောင်း ၊ ကိုရီးယား ကျွန်းဆွယ်အရေး ဘက်စုံ ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေးမှု ကို အမြန်ဆုံး ပြန်လည် စတင်ပြီး စစ်ရေး ဆောင်ရွက်မှု သည် ကိုရီးယား ကျွန်းဆွယ်အရေး ဖြေရှင်းရန် အတွက် ရွေးချယ်မှု တစ်ခု မဖြစ်သင့်ကြောင်း ပါဝင် ခဲ့သည်။

တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ က အရှေ့မြောက်အာရှဒေသ တွင် THAAD ဒုံးကျည်ကာကွယ်ရေး စနစ် ချထားခြင်း သည် တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ အပါအဝင် နိုင်ငံ အများ၏ အမျိုးသား လုံခြုံရေး မဟာဗျူဟာ အကျိုးစီးပွား ကို ဆိုးရွားစွာ ထိခိုက်နစ်နာစေပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ရည်မှန်းချက် နှင့် တည်ငြိမ်အေးချမ်းရေး အတွက် မည်သည့် အကျိုးကျေးဇူး မှ မရှိကြောင်း ၊ တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့မှ အတူတကွ THAAD ဒုံးကျည်ကာကွယ်ရေး စနစ် ကို ဆန့်ကျင်ပြီး သက်ဆိုင်ရာ နိုင်ငံ များအနေဖြင့် ချက်ချင်း ဆောင်ရွက်နေမှု များကို ရပ်ဆိုင်းရန် နှင့် စီစဉ်မှု များကို ရပ်တန့် စေလိုကြောင်း ၊ နှစ်နိုင်ငံ လုံခြုံရေး အကျိုးစီးပွား အတွက် နှင့် ဒေသတွင်း မဟာဗျူဟာ ချိန်ခွင် မျှတရေး တို့အတွက် လိုအပ်သည့် ဆောင်ရွက်မှု များကို ညှိနှိုင်းခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.