Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ စပိန်၊ အာဂျင်တီးနား၊ ပနားမား နှင့် ပေါ်တူဂီနိုင်ငံများသို့ နိုင်ငံတော်ခရီးစဉ် စတင်ထွက်ခွာ

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စပိန်၊ အာဂျင်တီးနားနိုင်ငံ၊ ပနားမားနိုင်ငံ၊ ပေါ်တူဂီနိုင်ငံများသို့ နိုင်ငံတော်ခရီးစဉ် လည်ပတ်ရန် နှင့် အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ ရှိ ၁၃ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန် နိုဝင်ဘာ ၂၇ ရက်တွင် ပေကျင်းမြို့မှ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။
ရှီသည် စပိန်နိုင်ငံ ဘုရင် Felipe VI၊ အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri၊ ပနားမားနိုင်ငံ သမ္မတ Juan Carlos Varela နှင့် ပေါ်တူဂီနိုင်ငံသမ္မတ Marcelo Rebelo de Sousa တို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ခရီးစဉ်များ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
G20 ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် ရှီအား အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri က ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ရှီနှင့် အတူ ဇနီးဖြစ်သူ ဖိန်လိယွမ်၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ ဗဟိုလုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန်(Ding Xuexiang)၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi)၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း (He Lifeng) တို့ ပါဝင်ကြောင်းသိရသည်။ (Xinhua)