Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ တောင်အမေရိက ခရီးစဉ် စတင်

ပေကျင်း၊ နိုဝင်ဘာ ၁၆ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်အမေရိကတိုက် သို့ တစ်ပတ်ကြာ ခရီးစဉ် စတင်ရန်အတွက် နိုဝင်ဘာ ၁၆ ရက် နံနက်တွင် ပေကျင်းမှ ထွက်ခွာလာကြောင်း သိရသည်။
အီကွေဒေါနိုင်ငံ သမ္မတ Rafael Correa၊ ပီရူးနိုင်ငံ သမ္မတ Pedro Pablo Kuczynski နှင့် ချီလီနိုင်ငံ သမ္မတ Michelle Bachelet တို့၏ ဖိတ်ကြားချက်အရ ရှီသည် အဆိုပါ သုံးနိုင်ငံသို့ နိုဝင်ဘာ ၁၇ မှ ၂၃ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ် အတွင်း ရှီသည် ပီရူးနိုင်ငံ မြို့တော် လီမာမြို့တွင် နိုဝင်ဘာ ၁၉ မှ ၂၀ အထိ ပြုလုပ်မည့် ၂၄ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်သွားမည်ဖြစ်သည်။
သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ဇနီးဖြစ်သူ ဖုန်းလိယွမ်၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ မူဝါဒဆိုင်ရာ သုတေသနရုံး ညွှန်ကြားရေးမှူး ဝမ်ဟူနင်း၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး လီကျန်းရှု နှင့် နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချီ တို့လိုက်ပါလာခဲ့ကြောင်း သိရသည်။ (Xinhua)