Connect with us

Politics, Law & Military

မူးယစ်ဆေးဝါးထိန်းချုပ်ရေး နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် တရုတ်-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည်

တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း(ယာ) နှင့် လာအိုပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Somkeo Silavong (ဝဲ) တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း(Guo Shengkun) သည် လာအိုနိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဌာနဝန်ကြီး Somkeo Silavong နှင့် နိုဝင်ဘာလ ၁၇ ရက်က တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးထိန်းချုပ်ရေး နှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ နှစ်နိုင်ငံအစိုးရ အဆင့်မြင့်အရာရှိကြားပူးပေါင်းဆောင်ရွက်ပြီး တရားဥပဒေစိုးမိုးရေးကို နက်နက်ရှိုင်းရှိုင်း နှစ်ဖက်စလုံးက လုပ်ဆောင်သင့်ပါတယ်။ ပြီးတော့ မဲခေါင်မြစ်တစ်လျှောက်မှာ မူးယစ်ဆေးဝါးနဲ့ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေ နဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ကြိုတင်ကာကွယ်ရေးတွေကို လုပ်ဆောင်သင့်ပါတယ်”ဟု ကော်က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးက နှစ်နိုင်ငံစလုံးအနေဖြင့် အဓိကစီမံကိန်းလုပ်ငန်းများ နှင့် အခြေခံအဆောက်အအုံများကို တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ကာကွယ်ရမည်ဖြစ်ကြောင်း ၊ လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ နှင့် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှုဖြင့် ချိတ်ဆက်မှုရှိနေကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Somkeo က လာအိုနိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.