Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံ

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ Samdech Techo Hun Sen အား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ဒီဇင်ဘာလ ၁ ရက်က လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။
Hun Sen သည် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ ပြုလုပ်မည့် တရုတ် ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ (Xinhua)