Connect with us

Politics, Law & Military

ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက် ပိုမိုလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒီဇင်ဘာလ ၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြို့တော် ပေကျင်း၌ ဒီဇင်ဘာလ ၁ ရက်က လက်ခံ တွေ့ဆုံကာ နှစ်နိုင်ငံ အနိုင်ရပါတီ နှစ်ခုအကြား မဟာဗျူဟာကျသော ဆက်သွယ်ရေး နက်ရှိုင်းမှုရှိစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ကွန်မြူနစ်ပါတီ (CPC) နှင့် ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သူ ရှီကျင့်ဖိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် တရုတ် ကွန်မြူနစ်ပါတီတို့သည် အချင်းချင်း နားလည်မှုရှိကာ နှစ်နိုင်ငံ ဘုံ အကျိုးစီးပွားများနှင့် အဓိက ဆက်စပ်သည့် ကိစ္စများ၌ နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

CPC နှင့် တရုတ်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ချစ်ကြည်ရေး မူဝါဒနှင့် ကာလရှည် မဟာဗျူဟာကျမြင့်မားသည့် နှစ်နိုင်ငံ ဆက်ဆံရေး အမြင်အား အမြဲတစေ လိုက်နာစောင့်ထိန်းသွားမည် ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။

ထို့ပြင် နှစ်နိုင်ငံ ဆက်ဆံရေးသည် မှန်ကန်သည့် လမ်းကြောင်းအတွင်း ထိန်းသိမ်းထားရန်နှင့် နှစ်နိုင်ငံ သဘောတူညီချက်များအားလုံးကို အကောင်အထည်ဖော်ရန်၊ တရုတ်-မြန်မာ စီးပွားရေးစြင်္က ံနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ခြင်း အစရှိသော တိုးတက်မှုမှတ်တိုင်သစ်များအား ပျိုးထောင်ရန် သမ္မတ ရှီက အကြံပြုခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အနိုင်ရပါတီ နှစ်ခုအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအား ထိန်းသိမ်းရန်၊ ပါတီနှင့် အစိုးရဆိုင်ရာ အတွေ့အကြုံမျှဝေရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင် နိုင်ငံရေး လမ်းညွှန်မှုများ ခိုင်မာရန်၊ တရုတ်-မြန်မာ မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေး သဘောတူညီချက် အသစ်များ ချမှတ်ရန် မျှော်လင့်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း CPC နှင့် ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သီးခြား အရေးပါသော ဆက်ဆံရေးမှာ တိုးတက်မှု ရှိနေကြောင်း၊ နှစ်နိုင်ငံအကြား သမိုင်းကြောင်းရှည်ကြာစွာ တည်ရှိခဲ့သော ချစ်ကြည်ရေးနှင့် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုများအပေါ် အခြေခံထားသော နီးကပ်သည့် ဆက်ဆံရေးအား ပြန်ပြောင်းအောက်မေ့မိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံမှ အဆိုပြုထားသော မြန်မာ-တရုတ် စီးပွားရေးစြင်္က ံအား သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.