Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် စစ်မှုထမ်းဟောင်းများကို နွေဦးပွဲတော်နှုတ်ခွန်းဆက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားဝန်ထမ်းများ ဇန်နဝါရီ ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၃ ရက်က စစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားဝန်ထမ်းများကို နွေဦးပွဲတော် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ပေကျင်းအခြေစိုက် အငြိမ်းစား စစ်တပ်အရာရှိများအတွက် CMC မှ ကြီးမှူးကျင်းပသော အခမ်းအနားသို့ တက်ရောက်စဉ် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်မှုထမ်းဟောင်းများနှင့်အတူ ရှီသည် ၂၀၁၉ ခုနှစ်အတွင်း ပါတီ၊ နိုင်ငံနှင့် စစ်တပ်တို့၏ အဓိက စွမ်းဆောင်မှုများကို ပြန်ပြောင်းတွေးတောပြောကြားခဲ့ကြသည်။

စစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားအရာရှိများကလည်း ရဲဘော်ရဲဘက် ရှီကျင့်ဖိန်ကို ဗဟိုပြုထားသော CPC ဗဟိုကော်မတီနှင့် ပိုမိုနီးကပ်စွာ ဝန်းရံသွားရန်၊ ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်ဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအမြင် လမ်းညွှန်မှုကို လိုက်ပါသွားရန်နှင့် ခိုင်မာတောင့်တင်းသော စစ်တပ်တွင် ရှီကျင့်ဖိန်၏ အတွေးအမြင်ကို ဖော်ဆောင်သွားရန် ကတိပြုခဲ့ကြသည်။

ထို့ပြင် ၎င်းတို့က အမျိုးသားကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့ တည်ဆောက်ရေးဆိုင်ရာ ၂၀၂၀ ရည်မှန်းချက်ကို နားလည်သဘောပေါက်ရေးနှင့် အားလုံးက လေးစားရသော အတော်အသင့် ကြွယ်ဝပြည့်စုံသော လူမှုအဖွဲ့အစည်းတစ်ခု တည်ဆောက်ရာတွင် သေချာသော အောင်မြင်မှု ရရှိရေး အထောက်အကူပြုဆောင်ရွက်ချက်အသစ်များ ပူးပေါင်းပါဝင်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.