Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တရုတ်နို်င်ငံ အဆင့်မြင့် ဥပဒေပြုအမတ်နှင့် မြန်မာနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံ - Xinhua News Agency
Connect with us

Politics, Law & Military

တရုတ်နို်င်ငံ အဆင့်မြင့် ဥပဒေပြုအမတ်နှင့် မြန်မာနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံ

NPC အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်း (ယာ) နှင့် မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်း အဆင့်မြင့် ဥပဒေပြုအမတ် ကျန်းတယ်ကျန်းသည် မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဧပြီလ ၂၆ ရက်က လက်ခံ တွေ့ဆုံကာ တရုတ်-မြန်မာ ဆက်ဆံရေး ရှေ့ဆက်လုပ်ဆောင်သွားမည့်အကြောင်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ အစိုးရသစ် တက်လာပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ဦးတည်ချက်အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်၊ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ထောက်ပြခဲ့ပြီး ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များအားဖြင့် အရေးပါသော သဘောတူညီချက်များကို ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံနှင့် အတူတကွ လုပ်ကိုင်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း ကျန်းက ပြောကြားခဲ့သည်။

နှစ်နိုုင်ငံ ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၁၉၅၀ ခုနှစ်ကစ၍ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အရေးပါသည့် ရလဒ်များ ရှိခဲ့ပါကြောင်း၊ ခေတ်သစ် ပိုးလမ်းမကြီး တည်ထောင်ရေးအတွက် တွဲဖက် မြှင့်တင်ကာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကောင်းမွန် တည်ငြိမ်စွာ ကြီးထွားနိုင်ရေးအတွက် ကျန်းက တိုက်တွန်းခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အနေဖြင့် မြန်မာနိုင်ငံမှ လွှတ်တော်နှင့် ဖလှယ်မှုများ တိုးမြှင့် လုပ်ဆောင်ကာ ခိုင်မာ တောင့်တင်းသော ပြည်သူ့ ထောက်ခံမှုနှင့် တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအတွက် ဥပဒေ အာမခံချက်များ ရရှိစေမည် ဖြစ်ကြောင်း NPC အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ကျန်းက ပြောသည်။

မြန်မာနိုင်ငံ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း ၎င်း အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.