Connect with us

Politics, Law & Military

တရုတ်နှင့် ဂျပန် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမည်

၂၀၁၆ သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် တရုတ်နှင့် ဂျပန် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ၏ ဂျပန် ခရီးစဉ်အတွင်း စတုတ္ထအကြိမ်မြောက် တရုတ်နှင့် ဂျပန် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယန်သည် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး ရှိုတာရို ယာချီ၏ ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံသို့ မေလ ၂၉ ရက်မှ ၃၁ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများအား နှစ်နိုင်ငံ တာဝန်ရှိသူများက ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။တတိယအကြိမ် တရုတ်နှင့် ဂျပန် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် သြဂုတ်လတွင် တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.