Politics, Law & Military
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သြစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်

ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဇနီး ချန်းဟုန် တို့သည် သြစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် မတ်လ ၂၂ရက် နံနက်ပိုင်းတွင် ပေကျင်းမှထွက်ခွာခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်၏ သြစတြေးလျနိုင်ငံခရီးစဉ်အတွင်း ၎င်းသည် ငါးကြိမ်မြောက် တရုတ်နိုင်ငံ နှင့် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်များ နှစ်ပတ်လည် အစည်းအဝေးသို့တက်ရောက်သွားမည်ဖြစ်သည်။
လီသည် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbull နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Bill English တို့၏ ဖိတ်ကြားချက်အရ ယင်းနိုင်ငံများသို့ တရားဝင်ခရီးစဉ်သွားရောက်ခြင်းဖြစ်သည်။ (Xinhua)