Connect with us

Politics, Law & Military

တရုတ် နှင့် အစ္စရေး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် သဘောတူ

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု (ဝဲ) တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုတို့သည် မတ်လ၂၀ ရက် က ပေကျင်းတွင် တွေ့ဆုံခဲ့ပြီး တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား အဆင့်မြှင့်တင်သွားရန် ကတိပြုခဲ့ကြကြောင်း သိရသည်။

လီ က အခြေခံသိပ္ပံပညာ၊ ခေတ်သစ်စိုက်ပျိုးရေး၊ သန့်ရှင်းသောစွမ်းအင် နှင့် ဇီဝဆေးပညာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် နှစ်ဖက်စလုံးက ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

၎င်း က တရုတ်နိုင်ငံသည် ဆိပ်ကမ်းများ နှင့် ရထားလမ်းစီမံကိန်းများ ကဲ့သို့သော အခြေခံအဆောက်အအုံ ဆိုင်ရာပူးပေါင်းဆောင်ရွက်များကို အစ္စရေးနိုင်ငံနှင့် ပူးပေါင်းကာ ရှေ့ဆက်လုပ်ဆောင်သွား အဆင်သင့်ဖြစ်နေကြောင်း နှင့် တတိယပါတီ ဈေးကွက် တွင် ဖြစ်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အစ္စရေးနိုင်ငံ နှင့် ပါလက်စတိုင်းနိုင်ငံတို့၏ တူညီသော မိတ်ဖက်တစ်ဦးဖြစ်သောကြောင့် တရုတ်နိုင်ငံသည် ပုဂ္ဂလိကဆန်သော အကျိုးစီးပွား ရယူလိုစိတ်မရှိဘဲ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် အစောပိုင်းကာလများကတည်းက မျှော်လင့်ပါကြောင်း လီကပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု က စမတ်မော်တော်ယာဉ်များ၊ ခေတ်မှီဆေးကုသစောင့်ရှောက်မှုများ၊ သန့်ရှင်းသောစွမ်းအင်၊ တယ်လီကွန်းဆက်သွယ်ရေး၊ ရေကြောင်းငါးဖမ်းမှု၊ စိုက်ပျိုးရေး နှင့် ရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေး တို့ပါဝင်သည့် နယ်ပယ်များတွင် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် အစ္စရေးနိုင်ငံက ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက အစ္စရေးနိုင်ငံက ၎င်း၏ အခြေခံအဆောက်အအုံစီမံကိန်းများတွင် တရုတ်ကုမ္ပဏီများ ပါဝင်လာရန် ကြိုဆိုပါကြောင်း နှင့် တရုတ်နိုင်ငံ နှင့် ပို့ဆောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား အဆင့်မြှင့်တင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

နေတန်ညာဟုသည် ဝန်ကြီးချုပ်လီခဲ့ချန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ မတ်လ ၁၉ ရက်မှ ၂၂ ရက်အထိ တရားဝင်ခရီးစဉ်ရောက်ရှိလာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.