Connect with us

Politics, Law & Military

တရုတ်၊ အာဖရိက ထိပ်သီးအစည်းအဝေးပွဲ တောင်အာဖရိကတွင် ဒီဇင်ဘာ၌ ပြုလုပ်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တောင်အာ ဖရိကနိုင်ငံ သမ္မတ ဂျက်ကော့ဇူးမားတို့ တွေ့ဆုံစဉ်။ (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များပါဝင်သော ထိပ်သီးအစည်းအဝေးအား တောင်အာဖရိကနိုင်ငံ တွင် ဒီဇင်ဘာလ အစောပိုင်းမှာ ပြုလုပ်ရန်ရှိကြောင်း တရုတ်နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီးတို့ က ပေကျင်းမြို့တွင် သောကြာနေ့က ကြေညာခဲ့သည်။

ဖြစ်ပြီး တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Forum on China-Africa Coorperation= FOCAC) အား ထိပ်သီးအစည်းအဝေး အဖြစ်သို့ အဆင့်မြှင့်တင်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီး မိတ် အင်န်ကွာနာမက်ရှာဘိန်းတို့က ပူးတွဲကြေညာခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် အာဖရိကနိုင်ငံ များမှ ခေါင်းဆောင်များကိုလည်း တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး ယင်းထပ်သီး အစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ကျင်းပမည် ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်နှင့် တောင်အာ ဖရိကနိုင်ငံ သမ္မတ ဂျက်ကော့ဇူးမား တို့သည် သောကြာနေ့က ပေကျင်းမြို့ အစည်းအဝေးတွင် ယင်းထိပ်သီးအစည်းအဝေးအား အောင်မြင်စွာ ပြုလုပ်နိုင်ရန် ကတိပြုခဲ့ကြပြီး နောက်တွင် ထိပ်သီးအစည်းအဝေး အစီအစဉ်အား ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

FOCAC အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဘုံဖွံ့ဖြိုးမှုများ ဖြစ်လာစေရန်နှင့် တရုတ်နှင့် အာဖရိကနိုင်ငံများ၏ ဘုံဖွံ့ဖြိုးမှုများ၊ ကြွယ်ဝချမ်းသာမှုများ ရရှိစေရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အာဖရိက ၏ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်နှင့် အာဖရိက နိုင်ငံအားလုံး၏ ရည်မှန်းချက်များအား အပြည့်အဝ ထည့်သွင်း စဉ်းစားမည် ဖြစ်ကြောင်း ဝမ်ကပြောသည်။

“ကျွန်တော်တို့တွေ အိမ်ရှင် တောင်အာဖရိကနိုင်ငံနှင့် အတူ ထိပ်သီးအစည်းအဝေး အတွက် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်-အာဖရိက စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင် ရွက်ခြင်း သမိုင်းမှာ သမိုင်းဝင် ထိပ်သီး အစည်းအဝေးနဲ့ မှတ်တိုင် တစ်ခုဖြစ်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ဝမ်က ပြောသည်။

တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီး မိတ် အင်န်ကွာနာမက်ရှာဘိန်းက ထိပ်သီးအစည်းအဝေးတွင် နိုင်ငံရေး ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်လိမ့်မည် ဖြစ်ပြီး ယခုလို တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုသည် စက်မှုလုပ်ငန်းထူထောင်ရေးနှင့် စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှု ပြုလုပ်လိုသော အာဖရိက၏ အိမ်မက်အား ဖြည့်ဆည်း ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.