Connect with us

Politics, Law & Military

တရုတ်-ဂျပန်-တောင်ကိုရီးယား ထိပ်သီး အစည်းအဝေး တက်ရောက်ရန် တောင်ကိုရီးယားသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ရောက်ရှိ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး လည်ပတ်ရန်နှင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ကြား ပြုလုပ်မည့် ခြောက်ကြိမ်မြောက် ထိပ်သီး အစည်းအဝေးအား တက်ရောက်ရန် ဆိုးလ်မြို့သို့ အောက်တိုဘာ ၃၁ ရက်က ရောက်ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ် လီသည် တောင်ကိုရီးယားနိုင်ငံ သမ္မတ ပက်ဂွမ်ဟေး၏ ဖိတ်ကြားချက် အရ ဝန်ကြီးချုပ်အဖြစ် ပထမဆုံး အကြိမ်ရောက် ရှိခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန်၊ နှစ်ဘက်ယုံကြည်မှုများ နက်ရှိုင်းစွာ ရှိနေစေရန်နှင့် အပြန်အလှန် ဖလှယ်မှု တိုးချဲ့ခြင်း၊ ဆန်းသစ်သော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှုနှင့် ကြွယ်ဝ ချမ်းသာမှုများအား ရှေ့ဆက် တွန်းအားပေးရန် အတွက် ရည်ရွယ်ထားကြောင်း သိရသည်။

လီသည် သမ္မတ ပက်နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသလို အခြား တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ပြီး စီးပွားရေး ပူပေါင်း ဆောင်ရွက်မှုနှင့် ပြည်သူ အချင်းချင်း ဖလှယ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ၌ ပါဝင် တက်ရောက်ရန်လည်း ရှိသည်။

တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုအား ဇွန်လ တွင် လက်မှတ် ရေးထိုးခဲ့ပြီး ငွေကြေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပဋိဉာဉ် ပိုမို တိုးတက်လာရေး စသည်တို့ အား အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။

သုံးနှစ်ခွဲကြာ ပြီးနောက် ပြန်လည် ပြုလုပ်သော တရုတ်-ဂျပန်-တောင်ကိုရီးယား ထိပ်သီး အစည်းအဝေး အတွင်း သုံးနိုင်ငံ ခေါင်းဆောင်များသည် ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ ဘုံသက်ဆိုင်သော ကိစ္စရေးရာများအား သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွင် အမြင်ချင်း ဖလှယ်နိုင်ရန် မျှော်လင့်ထားကြသည်။ သုံးနိုင်ငံ ခေါင်းဆောင်များ အားလုံး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ဖြစ်သည်။

လေ့လာ သူများက သုံးနိုင်ငံ အစည်းအဝေးသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ သုံးနိုင်ငံ စီးပွားရေး ဆက်ဆံမှုများ ခိုင်မာလာစေရေးတို့အတွက် ကြီးမားသော အရေးပါမှုဖြစ်ပြီး ဒေသတွင်း စုစည်းမှုနှင့် ပူူးပေါင်းဆေင်ရွက်မှု အကျိုးရလဒ်များ ဖြစ်စေနိုင်ကြောင်း သုံးသပ် ထားသည်။
တရုတ်-ဂျပန်-တောင်ကိုရီးယား ထိပ်သီး အစည်းအဝေးအား ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ နှစ်စဉ် ပြုလုပ်ခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.