Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် သြစတြီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် သြစတြီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Karin Kneissl တို့ ဧပြီလ က ပေကျင်းတွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် သြစတြီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Karin Kneissl တို့သည် ဇူလိုင် ၅ ရက်နေ့ က ဗီယင်နာ မြို့တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် သြစတြီးယား နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ သဘောတူညီချက် ရရှိထားသည့် အရေးပါသည့် လုပ်ငန်းစဉ် များအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း ၊ ကဏ္ဍအသီးသီး အနီးကပ် ဆက်ဆံရေး ကို ထိန်းသိမ်းသွားပြီး နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး မြှင့်တင်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် သြစတြီးယား နိုင်ငံ မှ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကို ချီးကျူးဂုဏ်ပြုပါကြောင်း ၊ သြစတြီးယား နိုင်ငံ နှင့် အတူအာရှ-ဥရောပ အပြန်အလှန် ချိတ်ဆက်မှု မှ ရရှိလာမည့် အခွင့်အလမ်း များကို မျှဝေ သွားလိုကြောင်း ပြောကြား ခဲ့သည်။

Karin Kneissl က မကြာသေးမီ က သြစတြီးယား နိုင်ငံ သမ္မတ နှင့် ဝန်ကြီးချုပ် တို့ က တရုတ် နိုင်ငံ သို့ စူပါလည်ပတ်ရေး ခရီးစဉ် တစ်ခု ကို အောင်မြင်စွာ သွားရောက် နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန် တွင် နှစ်နိုင်ငံ ဆက်ဆံရေး မှာ သမိုင်းတစ်လျှောက် အကောင်းဆုံး အခြေအနေ တွင် တည်ရှိနေပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု များမှာလည်း အမြင့်ဆုံး အဆင့် သို့ ရောက်ရှိနေကြောင်း ၊ သြစတြီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အား လွန်စွာ အလေးထားပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် များတွင် တရုတ် နိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ကို တိုးချဲ့သွားလိုကြောင်း ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့အနေဖြင့် တွေ့ဆုံဆွေးနွေးမှု အတွင်း အီရန် နျူကလီးယား အရေး နှင့် ပတ်သက်၍ သဘောထား အမြင်များ ဖလှယ် ခဲ့ကြပြီး အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီမှု စာချုပ် ကို ထိန်းသိမ်းရမည် ဟု ထင်မြင်ကြောင်း ပြောကြား ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.