Politics, Law & Military
တရုတ် နိုင်ငံ သည် ကမ္ဘာ့ငြိမ်းချမ်းရေး ၏ တည်ဆောက်သူ ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးဆပ်သူ နှင့် အပြည်ပြည်ဆိုင်ရာ စည်းစနစ် ကိုထိန်းသိမ်းသူ ဖြစ်
ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် မတ်လ ၅ ရက်နေ့က ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး တွင် ကျင်းပ သော ၁၂ ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် အစည်းအဝေး ၌ နှစ်ပတ်လည် အစိုးရ လုပ်ငန်း အစီရင်ခံစာ တင်ပြရာတွင် ကမ္ဘာ့နိုင်ငံရေး နှင့် စီးပွားရေး အခြေအနေ များ နက်ရှိုင်းစွာ ပြောင်းလဲ ခဲ့သော်လည်း တရုတ် နိုင်ငံ သည် တည်ငြိမ်းအေးချမ်းစေလိုသော နှင့် သမာသမတ်ကြသော ရပ်တည်မှု ဘက်တွင် ရပ်တည်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ၏ တည်ဆောက်သူ ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးဆပ်သူ နှင့် အပြည်ပြည်ဆိုင်ရာ စည်းစနစ် ကိုထိန်းသိမ်းသူ အဖြင့် လုပ်ဆောင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
လီခဲ့ချန် က တရုတ် နိုင်ငံ အနေဖြင့် တည်ငြိမ်အေးချမ်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်သော လမ်းစဉ် ကို ခိုင်မြဲစွာ လျှောက်လမ်း ခဲ့ပြီး နိုင်ငံတကာ စုပေါင်း ပါဝင်ဆောင်ရွက်သော စနစ် ၏ အသားချက်များကိုလည်း ထိန်းသိမ်း ခဲ့ကြောင်း ၊ အမျိုးသားရေး ဝါဒ ပုံစံ အမျိုးမျိုးကို ဆန့်ကျင်ခဲ့ပြီး ကမ္ဘာ့လုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု များတွင်လည်း နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက် ခဲ့ကြောင်း ၊ ကမ္ဘာ့စီပွားရေး ကိုလည်း အပြန်အလှန် ပိုမို အကျိုးပြုသည့် သီးခံခွင့်လွှတ်ကြသော ပုံစံ ဖြစ်ရန် ဦးစီးဆောင်ရွက် ခဲ့ကြောင်း ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အလုံစုံ တည်ငြိမ်အောင်ဆောင်ရွက်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီး ဆက်ဆံရေးကို ထိန်းသိမ်း ကာ အိမ်နီးချင်း နိုင်ငံများနှင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီး အတူတကွ ဖွံဖြိုးတိုးတက်စေသော ပတ်ဝန်းကျင်ကို တည်ဆောက်ခဲ့ကြောင်း ၊ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ပြီး အပြည်ပြည်ဆိုင်ရာ နှင့် ဒေသတွင်း ကိစ္စရပ်များကို အပြုသဘောဆောင်သည့် ဖြေရှင်းမှု နည်းလမ်းများကို အကြံပြုနိုင်ခဲ့ကြောင်း ၊ ပင်လယ်ရပ်ခြား ရှိ အခွင့်အဏာ ကာကွယ်ရေး စနစ် နှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု တည်ဆောက်ရေး တို့တွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် လီခဲ့ချန် က တရုတ် နိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာ နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေသော ခေတ်သစ် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ပုံစံ ကို တွန်းအားပေး တည်ဆောက်သွားပြီး ကမ္ဘာ့လူသားမျိုးနွယ်စု အသိုက်အဝန်း အတွက် ပေးဆပ်မှုသစ် များကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)