Connect with us

Politics, Law & Military

စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် တရုတ်နိုင်ငံက ရည်မှန်းထား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) ၌ မိန့် ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေလင့်ကစား ယခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၆.၅ ရာခိုင်နှုန်းအထိ ရောက်ရှိရန် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့( မတ်လ ၅ ရက်)တွင် ပြုလုပ်သော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တွင် ကတိပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် အမျိုးသားပြည်သူ့ကွန်ဂရက်၏ နှစ်ပတ်အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် လီခဲ့ချန်က နှစ်ပတ်လည် အစိုးရလုပ်ငန်းအစီရင်ခံစာ ကို ဖတ်ကြားတင်သွင်းခဲ့ပြီး တရုတ်နိုင်ငံ၏ GDP ဖွံ့ဖြိုးမှုကို ၆.၅ ရာခိုင်နှုန်းအထိ ရည်မှန်းထားကြောင်း (သို့မဟုတ်) လက်တွေ့ ဖြစ်နိုင်ခြေထက် ပို၍ မြင့်မားစွာရည်မှန်းထား ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) အစည်းအဝေးပြုလုပ်နေစဉ်(ဆင်ဟွာ)

၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် ကော်မတီ ဥက္ကဋ္ဌ Zhang Dejiang မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

၎င်းရည်မှန်းချက်သည် “စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းထားခြင်းနှင့်အတူ လက်တွေ့ကျကြောင်း” နှင့် တရုတ်နိုင်ငံအတွက် နှစ်ပေါင်း ၂ဝ ကျော်အတွင်း အနိုမ့်ဆုံးပမာဏဖြစ်ကြောင်း လီက ဆိုသည်။ သို့သော် ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးတိုင်းပြည်များထဲတွင် တရုတ်နိုင်ငံသည် တစ်နိုင်ငံအဖြစ် ဆက်လက် ပါဝင်နေဆဲဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

၎င်းရည်မှန်းချက်ကို လာမည့် ၂ဝ၂ဝ ပြည့်တွင် တည်ဆောက်ပြီးစီးနိုင်ရန် ဦးတည်ချက်ပန်းတိုင် ချမှတ်ထားကြောင်း လီက ဆက်လက်ပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီတွင် တရုတ်သမ္မတရှီက ၎င်းရည်မှန်းချက်(ဗဟိုချက်)ကို ပထမဦးဆုံး ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဗဟိုချက် နှင့် ဖွံ့ဖြိုးရေးရည်မှန်းချက်ကို အပြည့်အဝ ဖော်ဆောင်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားရန် တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီများ နှင့်အတူ သမ္မတရှီက ပို၍ အနီးကပ်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီက ပြောသည်။

၂ဝ၁၇ ခုနှစ်သည် တရုတ်နိုင်ငံအတွက် အရေးကြီးသော နှစ်တစ်နှစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို ဒုတိယနှစ်ဝက်တွင်ကျင်းပပြီး လာမည့် ငါးနှစ်တွင် သမ္မတရှီ၏ မျှော်မှန်းချက်များကို အကောင်းဆုံး အကောင်အထည်ဖော် စွမ်းဆောင်ပေးနိုင်မည့် ခေါင်းဆောင်သစ်များကို ရွေးချယ်သွားရန် ရှိနေကြောင်း သိရသည်။

တရုတ်သမ္မတရှီကျင့်ဖိန် နှင့်အခြားထိပ်တန်းခေါင်းဆောင်များတက်ရောက်ပြီး အမျိုးသားကွန်ဂရက် NPC ကော်မတီ ဥက္ကဋ္ဌအဖြစ် Zhang Dejiang က တာဝန်ယူခဲ့သော အဆိုပါ အစည်းအဝေးပွဲတွင် ဝန်ကြီးချုပ်လီက နှစ်ပတ်လည်အစိုးရလုပ်ငန်းအစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့ကြောင်း နှင့် အခမ်းအနားသို့NPC ကိုယ်စားလှယ် ၃ဝဝဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.