Politics, Law & Military
တရုတ် နိုင်ငံ သမ္မတ နှင့် ကာဂျစ်စတန် နိုင်ငံ သမ္မတ ဘစ်ရှ်ကတ်မြို့ တွင် တွေ့ဆုံ ဆွေးနွေး
ဘစ်ရှ်ကတ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ကာဂျစ်စတန် နိုင်ငံ သမ္မတ ဆူရွန်ဘေ ဂျင်ဘီကော့ဗ် (Sooronbay Jeenbekov) ၏ ဖိတ်ကြားချက် အရ ဇွန်လ ၁၂ ရက် ၌ ဘစ်ရှ်ကတ်ရှ် မြို့ သို့ ရောက်ရှိခဲ့ပြီး ညပိုင်း အချိန်တွင် သမ္မတ အိမ်တော် ၌် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အချိန် ၆ ကြာပြီးနောက် ကာဂျစ်စတန် နိုင်ငံ သို့ ထပ်မံ ရောက်ရှိခဲ့သည့် အတွက် ဝမ်းမြောက်မိကြောင်း ၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၂၇ နှစ် တာ ကာလ အတွင်း အတူတကွ ကြိုးပမ်းမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး က ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ပြီး နိုင်ငံရေး အရ မြင့်မားသည့် အပြန်အလှန် ယုံကြည်မှု ၊ စီးပွားရေး အရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ၊ လုံခြုံရေး အရ အပြန်အလှန် မှီခိုမှု နှင့် နိုင်ငံတကာ တွင် ကောင်းမွန်သည့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု တို့ကို ရရှိစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာဂျစ်စတန် နိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှု မှ ရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှု ရလဒ် များ အပေါ် မြင့်မားစွာ အသိအမှတ် ပြုပြီး ကာဂျစ်စတန် နိုင်ငံ မှ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေး ဆောင်ရွက်မှုများ တွင် အောင်မြင်မှု အသစ်များ ရရှိရန် ဆုမွန်ကောင်းတောင်းကြောင်း ၊ တရုတ် နိုင်ငံ က ကာဂျစ်စတန် နိုင်ငံ အား နိုင်ငံတော် အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများ ကို မျှဝေပေးသွားလိုပြီး နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေး လုပ်ငန်း ပိုမို လက်တွေ့ကြပြီး ပိုမို နက်ရှိုင်းလာမှု အပေါ် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာဂျစ်စတန် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အဆက်မပြတ် ရရှိရန် တွန်းအားပေး ဆောင်ရွက်သွားလိုပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်းစေလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ စောင့်တည်သွားပြီး တစ်ဖက်သတ်ကိုယ်ကျိုးရှာ မူဝါဒ (Unilateralism) နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒ (Protectionism) တို့ကို အတူတကွ ဆန့်ကျင်သွားကာ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး အား တွန်းအားပေး နိုင်ရန် တက်ကြွစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကာဂျစ်စတန် နိုင်ငံ သမ္မတ ဆူရွန်ဘေ ဂျင်ဘီကော့ဗ် က တရုတ် နိုင်ငံ သမ္မတ ၏ နှစ်နိုင်ငံ ဆက်ဆံရေး အပေါ် အလွန်အလေးထားမှု အား ကျေးဇူးတင်ကြောင်း ၊ မိမိ အနေဖြင့် ကာဂျစ်စတန် ဘာသာ ဖြင့် ထုတ်ဝေသည့် “ ရှီကျင့်ဖိန် – တရုတ် နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ် စတင်ထုတ်ဝေခြင်း အခမ်းအနား ကို တက်ရောက် ခဲ့ပြီး ယင်းစာအုပ် က တရုတ် နိုင်ငံ ၏ တန်းဖိုးကြီးမား သည့် အတွေ့အကြုံများဖြင့် ကာဂျစ်စတန် နိုင်ငံ ပြုပြင်ပြောင်းလဲရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အား တွန်းအားပေး ဆောင်ရွက်ရန် လွန်စွာ အရေးပါကြောင်း ၊ ကာဂျစ်စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ ၏ ရှင်းကျန်း ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ထိန်းသိမ်းဆောင်ရွက်မှုများ နှင့် အကြမ်းဖက် နှိမ်နင်းရေး အတွက် ဆောင်ရွက်မှုများ အပေါ် ထောက်ခံအားပေးပြီး တရုတ် နိုင်ငံ ၏ ကာလတစ်လျှောက် ကာဂျစ်စတန် နိုင်ငံ အပေါ် ကြီးမားသည့် ကူညီထောက်ပံ့မှုများအား ကျေးဇူးတင်ကြောင်း ၊ ကာဂျစ်စတန် နိုင်ငံ က တရုတ် နိုင်ငံ ၏ နိုင်ငံတကာ တွင် သက်ရောက်မှုအား အလေးထားပြီး တရုတ် နိုင်ငံ နှင့် အတူတကွ ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေး မူဘောင်အောက် တွင် ကဏ္ဍအသီးသီး ၌ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားကာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)