Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ က (၅) ကြိမ်မြောက် တရုတ်-ရုရှား-မွန်ဂိုလီးယား ခေါင်းဆောင် တွေ့ဆုံ ဆွေးနွေးပွဲ အား တက်ရောက်


ဘီရှ်ကတ် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဇွန်လ ၁၄ ရက် ၌ ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် မွန်ဂိုလီးယား နိုင်ငံ သမ္မတ ခါလ်မာဂျင်း ဘတ်တူလ်ဂါ (Khaltmaagiin Battulga) တို့နှင့် အတူ ဘီရှ်ကတ် မြို့ တွင် ကျင်းပ သော (၅) ကြိမ်မြောက် တရုတ်-ရုရှား-မွန်ဂိုလီးယား ခေါင်းဆောင် အစည်းအဝေး အား တက်ရောက် ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အား ဘက်စုံ တွန်းအားပေး ဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ အတွင်း တရုတ် နိုင်ငံ သမ္မတ က တရုတ်-ရုရှား-မွန်ဂိုလီးယား တို့က အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး အပြန်အလှန် ကူညီကြသည့် မိတ်ဆွေကောင်းများ ဖြစ်ကြကြောင်း ၊ နိုင်ငံ ၃ နိုင်ငံ အနေဖြင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ရှိကြပြီး ပူးပေါင်းဆောင်ရွက်မှု သည်လည်း နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ လက်ရှိ နိုင်ငံတကာ ၌ တစ်ဖက်သတ်ကိုယ်ကျိုးရှာ မူဝါဒ (Unilateralism) နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒ (Protectionism) တို့ ဦးမော့လာသည့် အခြေအနေ အောက်တွင် မိမိတို့ ၃ နိုင်ငံ အနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အား ခိုင်မြဲစွာ တွန်းအားပေး ဆောင်ရွက်သွားပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မည့် ရည်ရွယ်ချက် ကို အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အား ဘက်စုံတွန်းအားပေး ဆောင်ရွက်သွားပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကို ထိန်းသိမ်းသွားကာ တံခါးဖွင့်သည့် ကမ္ဘာ့စီးပွားရေး ပုံစံအား ဖန်တီးသွားရမည် ဖြစ်ကြောင်း ၊ မိမိတို့ အနေဖြင့် မဟာဗျူဟာ အရ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကို ဦးဆောင်သွားရမည် ဖြစ်ကြောင်း ၊ အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု ဖြင့် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေးသွားရမည် ဖြစ်ကြောင်း ၊ တရုတ်-ရုရှား-မွန်ဂိုလီးယား စီးပွားရေး စြင်္က ံ မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များကို လက်တွေ့ အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့အစည်း (SCO) ၌ ညှိနှိုင်းဆောင်ရွက်မှု ကို တိုးချဲ့ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-ရုရှား-မွန်ဂိုလီးယား နိုင်ငံ ခေါင်းဆောင် တို့ က ဇွန်လ ၁၄ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ က ရုရှား နိုင်ငံ အနေဖြင့် အပြန်အလှန် လေးစားမှု ၊ တန်းတူညီမျှမှု နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှု တို့ကို အခြေခံ၍ ရုရှား-တရုတ်-မွန်ဂိုလီးယား ၃ နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းအောင် အလေးထား ဆောင်ရွက်ခဲ့ကြောင်း ၊ ဥရောပ-အာရှ စီးပွားရေး မဟာမိတ် ကို တိုးချဲ့ ဆောင်ရွက်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး ) နှင့် မွန်ဂိုလီးယား နိုင်ငံ ၏ Prairie Road တို့နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ၃ နိုင်ငံ အနေဖြင့် လမ်းပန်းဆက်သွယ်ရေး အရ အပြန်အလှန် ချိတ်ဆက်မှု ကို တိုးချဲ့ဆောင်ရွက်ပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မွန်ဂိုလီးယား နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့နှင့် ချစ်ကြည်ပူးပေါင်း ဆက်ဆံရေး အား နက်ရှိုင်းအောင် ဆောင်ရွက်ရေး သည် မွန်ဂိုလီးယား နိုင်ငံ ၏ ခိုင်မြဲသည့် ရည်မှန်းချက် ဖြစ်ကြောင်း ၊ မွန်ဂိုလီးယား နိုင်ငံ အနေဖြင့် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နှင့် ၃ နိုင်ငံ စီးပွားရေး စြင်္က ံ တည်ဆောက်မှု တို့ကို အလေးထား ဆောင်ရွက် ခဲ့ကြောင်း ၊ ၃ နိုင်ငံ အနေဖြင့် စည်းစနစ်ရှိ သည့် အစီအစဉ် ကို တည်ဆောက်ပြီး ၃ နိုင်ငံ ဖြတ်ကျော် နိုင်ငံတကာ လမ်းပန်းဆက်သွယ်မှု ကွန်ယက် ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၊ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ ပြီး ဒေသတွင်း လျှပ်စစ်ဓာတ်အားလိုင်း ကွန်ယက် တည်ဆောက်ရန် ဆွေးနွေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.