Connect with us

Politics, Law & Military

တရုတ်-သီရိလင်္ကာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး နှစ် ၆ဝ ပြည့်အခမ်းအနား သို့နှစ်ဖက်ခေါင်းဆောင်များ ဂုဏ်ပြုစကားဆို

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့်ဇနီး (ယာ) နှင့် သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် Maithripala Sirisena နှင့်ဇနီး (ဝဲ) တို့ အား ၂ဝ၁၅ ခုနှစ် မတ်လ ၂၆ ရက်က အတူတကွတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisena တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၆ဝ ပြည့် အခမ်းအနားသို့ ဂုဏ်ပြုစကား အသီးသီးဆိုခဲ့ကြောင်း သိရသည်။

သီရိလင်္ကာသမ္မတထံ ပေးပို့သော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာတွင် တရုတ် နှင့် သီရိလင်္ကာ နှစ်နိုင်ငံတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကတည်းက သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြောင်း ၊ နှစ်ဖက်ဆက်ဆံရေးသည် အလွန်အရေးပါကြောင်း ၊ နိုင်ငံတကာ အခင်းအကျင်းများပြောင်းလဲနေသော်လည်း နှစ်ဖက်ဆက်ဆံရေးမှာ အမြဲ အတူတကွရပ်တည်ခဲ့ကြောင်း နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ရေးသားထားသည်။

ထို့ပြင် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းတွင် သီရိလင်္ကာနိုင်ငံ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

“ နှစ်နိုင်ငံ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ၊ နှစ်ဖက်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှု နှင့် ပြည်သူအချင်းချင်း နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှု ရရှိစေရန် အဆွေတော်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိပါတယ်” ဟု သမ္မတရှီက ပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ခိုင်မာသေချာမှုရှိစေရန်အတွက် တရုတ်-သီရိလင်္ကာ မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေး အဖြစ် ခေတ်သစ်ဆက်ဆံရေးတစ်ခုကို ယူဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသမ္မတ Sirisena က တရုတ် နှင့်သီရိလင်္ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် လွန်ခဲ့သော အတိတ် နေ့ရက်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့ကြောင်း ဆိုသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်မှုသည် နှစ်ပေါင်း ၆ဝ ပြည့်ခဲ့ပြီဖြစ်ကြောင်း ၊ နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မယိမ်းမယိုင် ခိုင်မာစွာတည်ရှိခဲ့ပါကြောင်း နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်သွားရမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် Sirisena က ရှေးယခင်ချိန်ကတည်းက တည်ရှိခဲ့သော တရုတ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာ ပိုးလမ်းမကို အခြေခံပြီး လုပ်ဆောင်နေသော ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းသည် တရုတ်-သီရိလင်္ကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.