Connect with us

Politics, Law & Military

တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမို ကောင်းမွန်သော တိုးတက်မှုလမ်းကြောင်းပေါ် ရောက်ရှိနေဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေး တည်ထောင်လာသည်မှာ နှစ်ပေါင်း ၄၀ နီးပါး ရှိလာခဲ့သလို ဆက်ဆံရေး တိုးတက်မှု အရှိန်မပျက် တိုးတက်လျက်ရှိကြောင်း သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့သို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီလ ၇ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုဟာ ဘယ်လို အခက်အခဲတွေပဲ လာလာ ဘယ်တော့မှ ရပ်တန့်မသွားခဲ့ဘူး” ဟု တရုတ်-သြစတြေးလျ သံတမန်နှင့် မဟာဗျူဟာ လေးကြိမ်မြောက် ဆွေးနွေးပွဲ ပြီးနောက် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘစ်ရှော့နှင့်အတူ ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဝမ်ရိက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အရေးပါသော စကားပြောကြားမှုများ ရှိခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ပိုမိုကောင်းမွန်သော တိုးတက်မှု လမ်းကြောင်းပေါ် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ယင်းအချက်အား ထရမ့်ကလည်း သဘောတူခဲ့ကြောင်း ကမ္ဘာပေါ်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် အရေးပါဆုံး နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်သည်ဟု တရုတ် သမ္မတ ရှီက ပြောကြားခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၁၆ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၅၀၀ ဘီလီယံ ရှိခဲ့ကြောင်း ဝမ်က ဆိုသည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ် အားလုံးနီးပါးမှာ တရုတ်နိုင်ငံအတွင်း စီးပွားရေး လာရောက် လုပ်ကိုင်လျက် ရှိသလို အမေရိကန် တက္ကသိုလ်များသည်လည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မနှစ်က နှစ်နိုင်ငံ ဝန်ထမ်း ဖလှယ်သည့် အရေအတွက် လေးသန်းရှိခဲ့ကြောင်း သိရသည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့သည် ပြုထားသည့် ကတိပြုမှုအား စောင့်ထိန်းသွားကြမည် ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း ပိုမို ကောင်းမွန်သော တိုးတက်မှု လမ်းကြောင်း တစ်ခုပေါ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံ ဆန္ဒ သဘောထားများ ဆုံဆည်းနိုင်ရန်နှင့် နှစ်နိုင်ငံ ကာလရှည် အကျိုးစီးပွားများ ရှိလာမည်ဟု ဝမ်က ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ထို့ပြင် တရုတ်နှင့် အမေရိကန်အကြား အကောင်းမြင်သော တုံ့ပြန်မှုအတွက် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဘစ်ရှော့အား ကျေးဇူးတင်ကြောင်း၊ သြစတြေးလျနိုင်ငံသည် အမေရိကန်၏ မဟာမိတ် နိုင်ငံ တစ်ခု ဖြစ်သလို တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏မဟာဗျူဟာမြောက် မိတ်ဖက် တစ်ဦးလည်း ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)