Politics, Law & Military
[တောင်တရုတ်ပင်လယ် စီရင်မှု ဆန်းစစ်ချက် – ၄ ] တောင်တရုတ် ပင်လယ်အရေးအား ခုံရုံးတင် စီရင်မှုသည် အာဆီယံ အတွက် ဒုက္ခပေး စေသည့် အဆိပ် တစ်ခွက်သာ ဖြစ်ခဲ့ကြောင်း
ပေကျင်း ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင် နိုင်ငံ သမ္မတဟောင်း Benigno Aquino III ဦးဆောင်သည် အကွီနို အစိုးရသည် တောင်တရုတ် ပင်လယ်အရေးကို နိုင်ငံတကာခုံရုံး Permanent Court of Arbitration (PCA) သို့ တစ်ဖက်သတ် တင်သွင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ဤကဲ့သို့သော ဆောင်ရွက်မှု မျိုးသည် ကတိသစ္စာ မရှိသော ၊ တရားဥပဒေ စိုးမိုးမှုကို ဆန့်ကျင်သော ၊ အခွင့်အရေးကို ချိုးဖောက်သော ၊ လိမ်ညာ လှည့်ဖျားမှုများ ပြည့်နက်နေသော တာဝန်ယူမှု ကင်းမဲ့သည့် ဆောင်ရွက်မှုမျိုးသာ ဖြစ်ခဲ့သည်။
ထိုဆောင်ရွက်မှု များကြောင့် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးအား ဆိုးရွားစွာ ထိခိုက်ပျက်စီး စေခဲ့သည့် အပြင် နှစ်နိုင်ငံ ပြည်သူ လူထုအကြား ဆက်ဆံရေးကိုလည်း ပျက်ပြား စေခဲ့သည်။ အပြည်ပြည်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသတွင်း စည်းစနစ်များကို ဖျက်ဆီး လိုက်သည့်အပြင် အခြားပြင်ပ အင်အားစု နိုင်ငံများကိုလည်း ဒေသတွင်း ကိစ္စရပ်များအား ပါဝင် စွက်ဖက် လာနိုင်ရန် ဆောင်ရွက်သကဲ့သို့ ဖြစ်စေ ခဲ့သည်။ မူလက စည်းစနစ်ကျနစွာ မူဘောင်တစ်ခု အတွင်း စနစ်တကျ ဆောင်ရွက်သော တောင်တရုတ် ပင်လယ် အရေးအား ရှုပ်ထွေးသော ၊ နိုင်ငံတကာနှင့် ဆိုင်သော ၊ အစီအစဉ်မကျသော ၊ အပြန်အလှန် ဆန့်ကျင်သော အခြေအနေများ ဖြစ်ပေါ်စေခဲ့ပါသည်။ ဖိလစ်ပိုင် နိုင်ငံ၏ ခုံရုံးတင် ဆောင်ရွက်မှုနှင့် ပြင်ပ အင်အားစု နိုင်ငံ များ၏ ဝင်ရောက် စွက်ဖက်မှုများသည် တရုတ် နိုင်ငံ၏ အကျိုးစီးပွားအား ထိခိုက်နစ်နာ စေခဲ့သည့်အပြင် အာဆီယံ အဖွဲ့အစည်း တစ်ခုလုံးကိုလည်း တစ်ကြိမ်တစ်ခါ မှ မကြုံတွေ့ခဲ့ဖူးသည့် မိမိ သဘောအလျောက် ဆောင်ရွက်နိုင်ခြင်း မရှိသည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိအောင် ဆောင်ရွက်သကဲ့သို့ ဖြစ်စေ ခဲ့ပါသည်။
အန္တရာယ် ဒုက္ခဖြစ်စေခဲ့သည့် ပထမအချက် အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ်ပင်လယ် အရေး ခုံရုံးတင် ဆောင်ရွက်မှု ကြောင့် အာဆီယံ အသိုက်အဝန်း ဆောင်ရွက်မှု ဦးတည်ချက်နှင့် စည်းလုံးမှုကို ထိခိုက် စေခဲ့ခြင်း ဖြစ်ပါသည်။
ပြီးခဲ့သည့် နှစ်ပိုင်းများတွင် အာဆီယံ အသိုက်အဝန်း ဖြစ်တည်ရေးအတွက် ဆောင်ရွက်မှုသည် အဆင်ပြေစွာ တိုးတက်မှု များရရှိခဲ့ပြီး နိုင်ငံရေး လုံခြုံမှု ၊ စီးပွားရေးနှင့် လူမှုရေးဟူသည့် ပင်မ အကြောင်းအရာ ၃ ချက်ဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ အသိုက်အဝန်း သည်လည်း ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်း နိုင်ခဲ့သည်။ အာဆီယံ နိုင်ငံများ အနေဖြင့်လည်း နောင်လာမည့် ဆယ်စုနှစ် အတွင်း ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံဖြိုးတိုးတက်မှု ဟူသည့် တိုးတက်ရေး လမ်းစဉ်များမှ တစ်ဆင့် အာဆီယံ နိုင်ငံများအကြား အပြန်အလှန် လွန်စွာ အကျိုးပြုသော အတူတကွ ဖွံ့ဖြိုးတိုးတက်ကာ တည်ငြိမ်အေးချမ်းသည့် အခြေခံ မူဝါဒများ ချမှတ် နိုင်ခဲ့ပြီး ဖြစ်သည်။
သို့သော် ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ် ပင်လယ်အရေး ခုံရုံးတင် ဆောင်ရွက်မှု ပေါ်ပေါက် လာခဲ့ခြင်းနှင့် အထူးသဖြင့် အမေရိကန်နိုင်ငံ ကဲ့သို့သော ပြင်ပ အင်အားစု နိုင်ငံများမှ အာဆီယံ အဖွဲ့အစည်း အတွင်း အုပ်စု ဖွဲ့ခြင်း ၊ ခွဲခြားရေး များဆောင်ရွက်ခြင်း စသည် တို့သည် အာဆီယံ အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပွား စေခဲ့ပြီး အပြန်အလှန် ယုံကြည်မှုကိုလည်း ထိခိုက်စေ ခဲ့ပါသည်။ လတ်တလော ကာလ အတွင်း အာဆီယံ အဖွဲ့ဝင် များ၏ အဆင့်ဆင့်သော တွေ့ဆုံမှုများတွင်လည်း တောင်တရုတ် ပင်လယ် အရေးအား ခုံရုံးတင် ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်ကြောင့် သဘောထား ကွဲလွဲမှုများစွာ ဖြစ်ပွားကာ မကောင်းမွန်သည့် တွေ့ဆုံမှု ရလာဒ်များကိုသာ ဖြစ်ပေါ် စေခဲ့သည်။ ထို့ပြင် အာဆီယံ အတွင်းရှိ အရပ်ဘက် ပညာရှင် အဖွဲ့အစည်းများ တွင်လည်း တူညီသော အမြင်မရှိကြတော့ဘဲ သဘောထား ခံယူချက်များ ကွဲလွဲခဲ့ကြသည်။ ဤသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ အာဆီယံ အတွင်းရှိ နိုင်ငံ အသီးသီးသည် တောင်တရုတ်ပင်လယ် အရေးတွင် ထားရှိသည့် သဘောထား ရပ်တည်မှုမှာ များစွာ ကွဲပြားခြားနားမှုများ ရှိခဲ့ပြီး ထိုမတူညီသော နိုင်ငံ အသီးသီးသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံမှ တောင်တရုတ်ပင်လယ် အရေးအား ခုံရုံးတင် ဆောင်ရွက်မှုနှင့် ပြင်ပ အင်အားစုနိုင်ငံများမှ ဝင်ရောက် စွက်ဖက်ကာ အာဆီယံ အဖွဲ့ဝင် နိုင်ငံအား ကြိုးကိုင်မှု အပေါ် ထားရှိသည့် သဘောထား အမြင်များ ကွဲပြားခြားနားမှု ရှိသောကြောင့် ဖြစ်သည်။
အန္တရာယ်ဖြစ်စေခဲ့သည့် ဒုတိယ အချက် အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ်ပင်လယ် အရေး ခုံရုံးတင် ဆောင်ရွက်မှုကြောင့် အာဆီယံ၏ နဂိုမူလ တည်ရှိခဲ့သော စည်းစနစ်များနှင့် လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ် များကို ထိခိုက် စေခဲ့ခြင်း ဖြစ်ပါသည်။
၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့အစည်း (အာဆီယံ) သည် ၂၀၁၅ ခုနှစ်တွင် အာဆီယံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဆောင်ရွက်သည့် အထိ ရောက်ရှိလာခဲ့ပါသည်။ နိုင်ငံရေး ဖွဲစည်းမှု ၊ လူမှုရေး ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုများစွာ ကွဲပြားခဲ့သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ များသည် တန်းတူညီမျှခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို အခြေခံကာ ရာစုနှစ် တစ်ဝက်ခန့်ကို လက်တွဲ နိုင်ခဲ့ပြီး ဖြစ်သည်။ အမျိုးမျိုးသော သဘောထား ကွဲလွဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများမှ တစ်ဆင့် သင်ခန်းစာ ယူခဲ့ပြီး မိမိတို့ အဖွဲ့အစည်း၏ ကိုယ်ပိုင် စည်းစနစ်များနှင့် လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ် များကို တည်ဆောက် နိုင်ခဲ့သည်။ ၎င်းမှာ တန်းတူညီမျှရေးနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းမှ သဘောတူညီမှု ရရှိအောင် ဆောင်ရွက်ခြင်းကို အဓိက အလေးထားသည့် အာဆီယံ လုပ်ကိုင် ဆောင်ရွက်မှု ပုံစံ ဖြစ်သည်။ ထိုကဲ့သို့သော စည်းစနစ် ၊ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်နှင့် သဘောတူညီမှု အပေါ် အခြေခံထားသည့် ဆောင်ရွက်မှု ပုံစံကို အာဆီယံ နိုင်ငံများ၏ လက်ခံခြင်းနှင့် ဖြန့်ဝေခြင်း တို့ကို ရရှိခဲ့ပါသည်။ တောင်တရုတ် ပင်လယ် အရေးအား ဖြေရှင်းရာတွင်လည်း အာဆီယံ နိုင်ငံများမှ အကြံပြုခဲ့သည့် လမ်းကြောင်း တစ်စုံဖြင့် ချဉ်းကပ်ခြင်း “dual-track approach” ကို တရုတ် နိုင်ငံမှလည်း လက်ခံပြီး ဖော်ဆောင်ခဲ့သည့် စည်းစနစ်နှင့် အစီအစဉ် တစ်ခုဖြစ်သည်။ ၎င်းသည် တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ၏ တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာ စာတမ်း ( Declaration on the Conduct of Parties ) ( DOC) အတွင်းမှ ရရှိခဲ့သော သဘောတူညီမှုနှင့် လက်ရှိ တောင်တရုတ် ပင်လယ်အရေးအား ဖြေရှင်းရန် လက်တွေ့ အကျဆုံး နှင့် ထိရောက်မှု အရှိဆုံး နည်းလမ်း ဖြစ်သည်။
သို့သော် ဖိလစ်ပိုင် နိုင်ငံသည် တောင်တရုတ် ပင်လယ်အရေးအား တစ်ဖက်သတ် ခုံရုံးတင် ဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ပြီး DOC သဘောတူညီမှုကိုလည်း တစ်ဖက်သတ် ဖျက်ဆီးခဲ့သည်။ ထို့ပြင် “dual-track approach” ကို လက်မခံတော့ဘဲ အာဆီယံ ဖြေရှင်းမှု ပုံစံကိုလည်း ထိခိုက်ပျက်ဆီးအောင် ဆောင်ရွက်ခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် အာဆီယံ အဖွဲ့အစည်း အပေါ် ထားရှိသည့် ကတိတရားအား ချိုးဖောက်ခဲ့သည့်အပြင် အာဆီယံ အဖွဲ့အစည်းမှ ရရှိခဲ့သည့် အောင်မြင်မှုကို ဖျက်ဆီး လိုက်ခြင်း ဖြစ်သည်။ ထိုမျှမကဘဲ ပြီးခဲ့သည့် ၂ နှစ်တာ ကာလ အတွင်း အချို့သော နိုင်ငံများနှင့် ပြင်ပ အင်အားစု နိုင်ငံများ၏ တောင်တရုတ် ပင်လယ် အရေးပေါ် သွေးထိုး လှုံ့ဆော်မှု များကြောင့် မူလတွင် နိုင်ငံရေး လုံခြုံမှု ၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း စသည့် ခေါင်းစဉ် များဖြင့် ဆွေးနွေးသင့်သော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး နှင့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး စသည့် အခြား အရေးပါသည့် တွေ့ဆုံ ဆွေးနွေးမှု များသည် တောင်တရုတ် အရေးအား ငြင်းခုန်ရမည့် နေရာသကဲ့သို့ ဖြစ်စေခဲ့ပါသည်။ အာဆီယံ အဖွဲ့အစည်း၏ လုပ်ငန်း တာဝန်များနှင့် အဆင့်ဆင့်သော လုပ်ငန်း ရည်မှန်းချက်များ မှာလည်း ရှုပ်ထွေးမှုများ ဖြစ်ပွားစေရန် ဆောင်ရွက်ခြင်း ခံနေရပါသည်။
အန္တရာယ်ဒုက္ခ ဖြစ်စေခဲ့သည့် တတိယ အချက် အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ်ပင်လယ် အရေး ခုံရုံးတင် ဆောင်ရွက်မှုကြောင့် အာဆီယံ ဒေသတွင်း လုံခြုံရေးအား ထိခိုက် စေခဲ့ခြင်း ဖြစ်ပါသည်။
၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပ ခဲ့သည့် ၁၀ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အာဆီယံ လုံခြုံရေး အသိုက်အဝန်း ဆိုင်ရာ လုပ်ငန်း အစီအစဉ် (Plan of Action for the ASEAN Security Community) ( ASC PoA) ကို အတည်ပြုနိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် လုံခြုံရေးနှင့် ပတ်သက်သော ပြဿနာများနှင့် ကြုံတွေ ခဲ့ပြီးနောက် အာဆီယံနိုင်ငံ ခေါင်းဆောင်များမှ အတူတကွ အကြမ်းဖက်မှု တိုက်ဖျက်ရေး ၊ ပင်လယ် ဓားပြ တိုက်ဖျက်ရေး ၊ မလက္ကာ ရေလက်ကြား လုံခြုံရေး စသည့် အချက်များအား အဓိက ဦးစားပေးသည့် အရှေ့တောင်အာရှ လုံခြုံရေး အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက် နိုင်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ နှစ်သာ ကာလအတွင်း ထိုအဖွဲ့အစည်းမှ အာဆီယံ နိုင်ငံများ အကြား ဖြစ်ပွားသည့် နယ်မြေ အငြင်းပွားမှုများ ၊ ရေကြောင်း မတော်တဆမှုများ စသည့် ပြဿနာများတွင် ထိရောက်သော အခန်းကဏ္ဍတွင် ဆောင်ရွက် နိုင်ခဲ့သည်။
သို့သော် ဖိလစ်ပိုင် နိုင်ငံသည် တောင်တရုတ် ပင်လယ်အရေးအား တစ်ဖက်သတ် ခုံရုံးတင် ဆောင်ရွက်ခြင်း ပြုလုပ်ခဲ့သောကြောင့် နကိုမူလ တည်ရှိနေသော လုံခြုံရေး ပုံစံ အား ဖျက်ဆီးလိုက်ရာ ရောက်သည်။ ပြင်ပ အင်အားစု နိုင်ငံများ၏ တောင်တရုတ် ပင်လယ် အတွင်း သွားလာ လုပ်ရှားမှု များသည် အာဆီယံ အတွင်းရှိ တသီးတသန့် နိုင်ငံအတွက် လုံခြုံမှု ဟူသည့် ခံစားချက် ဖြစ်ပေါ်စေခဲ့သော်လည်း ပိုမို ဖြစ်ပေါ် စေခဲ့သည်မှာ အာဆီယံ အတွင်းရှိ အခြားနိုင်ငံများ အပေါ် မလုံခြုံမှု ဟူသော ခံစားချက်အား ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် အမေရိကန် နိုင်ငံ၏ တောင်တရုတ်ပင်လယ် အတွင်း လေယာဉ်တင် သင်္ဘော စေလွှတ်ခြင်းနှင့် ဂျပန် နိုင်ငံ၏ ဖိလစ်ပိုင် စသည့် နိုင်ငံများသို့ ကင်းလှည့် စစ်သင်္ဘောများ ထောက်ပံ့ခဲ့ခြင်းသည် အာဆီယံ အဖွဲ့ဝင် အတွင်းရှိ အခြားနိုင်ငံများအား စစ်လက်နက် ပြိုင်ဆိုင်မှု ဟူသော စိတ်ကူးများကို ဖြစ်ပေါ် စေခဲ့ပါသည်။ ပြင်ပ အင်အားစု နိုင်ငံများမှ ကိုယ်ကျိုးအတွက် တောင်တရုတ် ပင်လယ် အရေးတွင် ပါဝင် စွက်ဖက် ခဲ့သော်လည်း နောက်ဆုံး ဖြစ်ပွားမည့် အကျိုးရလာဒ် နှင့် ဆိုးကျိုးများအား အာဆီယံ အဖွဲ့ဝင်နိုင်ငံများသာ ခံစားရမည် ဖြစ်သည်။ အလွန် ကြာမြင့်သည့် သမိုင်းကြောင်းအား ပြန်လည် ကြည့်စရာမလိုဘဲ လတ်တလော တွေ့မြင် နိုင်သော အာဖဂန်နစ္စတန် ၊ အီရတ် ၊ လစ်ဗျား စသော နိုင်ငံ များသည် ပြင်ပ အင်အားစု နိုင်ငံများ၏ အကြောင်းပြချက် မျိုးစုံဖြင့် ပြုလုပ်ခဲ့သော ထောင်ချောက်အတွင်းသို့ ကျရောက် ခဲ့ပါသည်။ ထိုပြင်ပ အင်အားစု နိုင်ငံများသည် အကြောင်းပြချက်များဖြင့် ဝင်ရောက်စွက်ဖက် ခဲ့ကြပြီး အခြေအနေများမိုပို ဆိုးရွားစေရန် တွန်းအားပေး ဆောင်ရွက်ကာ ပြဿနာများ ဖန်တီးခြင်းဖြင့် ကြားမှ အကျိုးအမြတ် ရရှိအောင် ဆောင်ရွက် ခဲ့သည်။ ထိုနောက်တွင်မူ ထိုပြင်ပ အင်အားစု နိုင်ငံများသည် ဒုက္ခ ဆင်းရဲများဖြင့် ပြည့်နှက်နေသော အခြေအနေ တစ်ရပ်ကို ချန်လှပ်ခဲ့ပြီး ထိုဒုက္ခပင်လယ် နွံအိုင် အတွင်းမှ ကိုယ်လွတ်ရုန်း ခဲ့ကြသည်။
“dual-track approach” ကို အခြေခံ ကြည့်ရှုခြင်းအားဖြင့် အာဆီယံ နိုင်ငံများသည် တောင်တရုတ် ပင်လယ် တည်ငြိမ်အေးချမ်းရေး အတွက် အရေးပါသော ပါဝင်ဆောင်ရွက်သည့် နိုင်ငံ များဖြစ်ကြောင်း တွေ့မြင် နိုင်သည်။ အာဆီယံ နိုင်ငံများသည် ကာလ တစ်လျှောက်လုံး တောင်တရုတ် ပင်လယ်အရေးအား ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ခြင်း တို့မှ တစ်ဆင့် ဖြေရှင်းရန်ကို ထောက်ခံ ခဲ့ကြသည်။ ယခုနှစ်တွင် အမေရိကန် နိုင်ငံသည် ကြီးကျယ်ခန်းနားသည့် ပုံစံမျိုးနှင့် အံ့အား သင့်ဖွယ် ကောင်းသော သဘောထား မျိုးဖြင့် အာဆီယံ နိုင်ငံမှ ခေါင်းဆောင်များအား အမေရိကန် နိုင်ငံသို့ ဖိတ်ကြားကာ အထူး အစည်းအဝေး တစ်ရပ်ကို ကျင်းပ ခဲ့သော်လည်း အာဆီယံနိုင်ငံ များသည် အမေရိကန်-အာဆီယံ ပူးပေါင်း ကြေညာစာတမ်းတွင် တိကျပြတ်သားသည့် ၊ အမေရိကန် နိုင်ငံ စိတ်မချမ်းသာစေခဲ့သည့် ၊ အမေရိကန် နိုင်ငံ မလိုလားအပ်သည့် “သဘောထား ကွဲလွဲမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းရမည်ကို ခိုင်မာစွာ ရပ်တည်ကြောင်း ၊ ပြင်ပ နိုင်ငံများမှ စစ်အင်အား အသုံးပြု၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းကို ဆန့်ကျင်ကြောင်း ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် လုံခြုံရေးအား ခိုင်မြဲစွာ ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း” စသည် တို့ကို ထုတ်ဖော် ပြောကြား ခဲ့သည်။
အာဆီယံ အတွင်းရှိ နိုင်ငံ အများစုက ဖိလစ်ပိုင် နိုင်ငံ၏ ခုံရုံးတင် ဆောင်ရွက်မှုသည် အာဆီယံ အတွက် မတည်ငြိမ်မှုနှင့် မလုံခြုံမှု များကို ဖြစ်ပေါ်စေကြောင်းနှင့် ပြင်ပ အင်အားစု နိုင်ငံများမှ ဝင်ရောက် စွက်ဖက်ခြင်း မှာလည်း မသမာ သောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းကိုလည်း နက်ရှိုင်းစွာ သိရှိထားကြပြီး ဖြစ်သည်။
မလေးရှား နိုင်ငံ ရေကြောင်း သုသေသနအဖွဲ့ ညွှန်ကြားရေးမှူး Chen Yongqing နှင့် ဆင်ဟွာ သတင်းဌာန အင်တာဗျူးတွင် ၎င်းက ပြင်ပ အင်အားစု နိုင်ငံများ၏ တောင်တရုတ် ပင်လယ် အတွင်း ရေကြောင်း သွားလာရေး လွတ်လပ်ခွင့်ဟူသော ခေါင်းစဉ်ဖြင့် တက်ကြွစွာ ဆောင်ရွက်နေမှုသည် ဒေသတွင်း အခြေအနေများအား ပိုမို တင်းမာမှုကိုသာ ဖြစ်ပေါ် လာစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ စင်ကာပူ နိုင်ငံ The S.Rajaratnam School of International Studies, RISS မှ အဆင့်မြင့် သုသေတန ပညာရှင် Ei Sun OH ကလည်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းသာလျှင် တောင်တရုတ် ပင်လယ်အရေး ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံ အဖွဲ့အစည်းသည် မိမိတို့ အဖွဲ့အစည်း အတွင်းမှ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှုများမှ တစ်ဆင့် အဖွဲ့ဝင် နိုင်ငံများ အကြား ဖြစ်ပွားခဲ့သည့် နယ်မြေ အငြင်းပွားမှု များစွာကို ဖြေရှင်းပေး နိုင်ခဲ့သည်။ ထို့ကြောင့် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခြင်း သာလျင် မှန်ကန်သော ဆောင်ရွက်မှု ဖြစ်ကြောင်း သက်သေပြ နိုင်ခဲ့ပါသည်။ အာဆီယံ အဖွဲ့အစည်းအတွင်း မဖြေရှင်းရ သေးသည့် နယ်မြေ အငြင်းပွားမှု များစွာ ရှိသော်လည်း ၎င်းတို့မှာ အာဆီယံ အဖွဲ့အစည်း တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် အနှောက်အယှက် မဖြစ်စေခဲ့ပါ ။ ထို့ကြောင့် အငြင်းပွားမှုများအား ဘေးဖယ်ကာ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းသည် မှန်ကန်သည့် အတွေးအခေါ် ဖြစ်ကြောင်း သိရှိနိုင်ပါသည်။ တစ်ဖက်သတ် ခုံရုံးတင် ဆောင်ရွက်ခြင်းသည် အငြင်းပွားမှု အား ဖြေရှင်းနိုင်မည့် နတ်ဆေး တစ်ခွက် မဖြစ်နိုင်သည့် အပြင် အခြား မသမာသူ၏ အသုံးချမှု ခံရပါက ဒေသတွင်း အတွက် ဒုက္ခ ဆင်းရဲ ဖြစ်ပွားစေမည့် အဆိပ် တစ်ခွက်သာ ဖြစ်သွား စေနိုင်ပါသည်။ (Xinhua)