Connect with us

Politics, Law & Military

တောင်တရုတ် ပင်လယ် အရေး အမေရိကန် ကြားဝင်ခြင်း တရားမျှတမှု မရှိ ဟုဆို

တောင်ရုတ် ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံပိုင် ကျွန်းတစ်ကျွန်းတွင် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ဆောင်နေပုံ (အင်တာနက် )

ပေကျင်း ၊ မေ ၂၈ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်သော အမေရိကန် အရာကြီး တချို့၏ ပြောကြားချက်သည် မျှတမှု မရှိသလို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ ထိခိုက်စေသည်။

တောင်တရုတ် ပင်လယ် အတွင်းရှိ တရုတ်နိုင်ငံ ပိုင်ဆိုင်သည့် ကျွန်းတွင် ဆောက်လုပ်ရေး လုပ်ဆာင်နေခြင်း အပေါ် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ashton Carter က “ အမေရိကန် လေယာဉ် တွေ ၊ စစ်သင်္ဘောတွေ တောင်တရုတ် ပင်လယ်ထဲ ဆက်လက် လှည့်ပတ်ဖို့ နိုင်ငံတချို့က တောင်းဆို ပါတယ်” ဟု မေလ ၂၇ ရက်နေ့ က ဟာဝိုင်အီတွင် ကျင်းပသည့် တပ်မတော် အခမ်းအနား တွင် ပြောကြား ခဲ့သည်။

တောင်တရုတ် ပင်လယ်တွင် တရုတ် နိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်ကာ အန္တရာယ်ရှိပြီး ဆိုးဝါးသည့် လုပ်ရပ်များ ဖြစ်သည်ဟု အမေရိကန် အနေဖြင့် ပုံကြီးချဲ့ ဖော်ပြမှုများ လိုလား သည်။

အမေရိကန်၏ ပါဝင် ပတ်သက်မှုသည် တောင်တရုတ် ပင်လယ် အရေးကို ပိုမို ရှုပ်ထွေးကာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဖြစ်ပွားစေကြောင်း သိရသည်။
တောင်တရုတ် ပင်လယ် အရေးတွင် အမေရိကန် ၏ ပါဝင်ပတ်သက်မှု မလိုလားကြသလို ကြားဝင်စေ့စပ် ရန်လည်း အခွင့်အရေး မရှိကြောင်း သိရသည်။ တရုတ်ပိုင် ကျွန်းတွင် ဆောက်လုပ်ရေး လုပ်ဆောင်မှုများသည် ရေကြောင်းဆိုင်ရာ လုံခြုံမှုများ၊ သဘာဝဘေး လျှော့ချရေးနှင့် ကာကွယ်ရေး ၊ ကယ်ဆယ်ရေးများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။

အမေရိကန်၏ “ အာရှဗဟိုပြု” သည့် မဟာဗျူဟာ စတင်သည့် အချိန်တွင် ငြိမ်သက်နေသည့် တောင်တရုတ် ပင်လယ် ကိစ္စပြန်လည် ဖြစ်ပွားလာသည်မှာ တိုက်ဆိုင်နေသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် “ ကံတရား တူညီသည့် အသိုက်အဝန်း” တည်ဆောက်ရန် အားထုတ်နေသည်။ အမေရိကန် အနေဖြင့် အာရှ-ပစိဖိတ် ဒေသကို အမှန်တကယ် တည်ငြိမ် အေးချမ်းမှုကို လိုလားပါက တောင်တရုတ် ပင်လယ် အရေး တွင် မျှမျှတတနှင့် တရုတ်နိုင်ငံ၏ နည်းဗျူဟာနှင့် မူဝါဒများကို ကောင်းစွာ နားလည်ရန် လိုအပ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.