Connect with us

Politics, Law & Military

တရုတ် နိုင်ငံမှ မိမိ ပိုင်ဆိုင်သော ကျွန်းများ၌ ကာကွယ်ရေး အဆောက်အအုံများ တည်ဆောက်ပိုင်ခွင့် ရှိကြောင်း ထပ်မံ ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန နယ်နိမိတ်နှင့် သမုဒ္ဒရာရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် အုန်းယန်ရိကျင်း အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ က တောင်တရုတ် ပင်လယ်ရှိ ကျွန်းဆွယ် သည် တရုတ် နိုင်ငံ ပိုင် နယ်မြေ ဖြစ်သောကြောင့် တရုတ် နိုင်ငံ အနေဖြင့် မိမိ ပိုင်ဆိုင် သော သက်ဆိုင်ရာ ကျွန်းများ တွင် လိုအပ်သည့် စစ်ဘက်ဆိုင်ရာ ကာကွယ်ရေး အဆောက်အအုံ များ တည်ဆောက် ပိုင်ခွင့် ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန နယ်နိမိတ် နှင့် သမုဒ္ဒရာရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် အုန်းယန်ရိကျင်း မှ မေလ ၂၆ ရက်နေ့ က ဆင်ဟွာ သတင်းဌာန အင်တာဗျူး ကို လက်ခံ ဖြေကြားခဲ့သည်။ အုန်းယန်ရိကျင်း မှ တရုတ် နိုင်ငံ အနေဖြင့် နန်စား တွင် ရှိသော ကျွန်း၌ ကင်းစောင့် သူများ လုပ်ငန်း အဆင်ပြေ စေရန် နှင့် နေထိုင်မှု ပိုမို အဆင်ပြေ စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ တာဝန်ယူ ထားသော အပြည်ပြည် ဆိုင်ရာ လုပ်ငန်း တာဝန်များကို ပိုမို ကောင်းမွန်စွာ ဆောင်ရွက် နိုင်ရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အုန်းယန်ရိကျင်း မှ တရုတ် နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး လမ်းစဉ်ကို ကိုင်တွယ်ပြီး နိုင်ငံတော် လုံခြုံရေးတွင် ခုခံကာကွယ်ရေး မူဝါဒ များကိုလည်း အဓိကထား ဆောင်ရွက် လာနေကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံနှင့် ချစ်ကြည် ဆက်ဆံရေး မူဝါဒကို ကျင့်သုံးပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရရှိရန် ခိုင်မာသော အားအင် တစ်ခု ဖြစ်ကြောင်း အထူးပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံသည် အာဆီယံ နိုင်ငံ များနှင့်လည်း တောင်တရုတ် ပင်လယ် သက်ဆိုင်ရာ လုပ်ဆောင်ချက် ကြေညာ စာတမ်း (DOC) ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း ၊ အရှေ့တောင် အာရှ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှု စာချုပ် တွင်လည်း ပါဝင် ခဲ့ကြောင်း ၊ အငြင်းပွားမှုနှင့် ပတ်သက်သော နိုင်ငံ များနှင့် ငြိမ်းချမ်းစွာ ဆွေးနွေး ညှှနှိုင်း ဆောင်ရွက်ခြင်း ဖြင့် သဘောထား ကွဲလွဲမှု များကို ဖြေရှင်း သွား မည်ဖြစ်ကြောင်း ၊ စစ်ရေး ဆောင်ရွက်မှုနှင့် ခြိမ်းခြောက်မှုများ မပြုလုပ်ရန် သဘောတူ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တောင်တရုတ် ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်၍ တရုတ် နိုင်ငံသည် သမိုင်း အထောက်အထားကို လေးစား ပြီး အပြည်ပြည် ဆိုင်ရာ ဥပဒေ ကို လိုက်နာကာ သက်ဆိုင်ရာ နိုင်ငံများနှင့် အငြင်းပွား နေသာ ကိစ္စ များကို တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြင့် ဖြေရှင်း နေကြောင်း၊ ထိ့ုပြင် အာဆီယံ နိုင်ငံ များနှင့် ပူးပေါင်း၍ တောင်တရုတ် ပင်လယ် တည်ငြိမ်အေးချမ်းမှု ရရှိရန်လည်း ဆောင်ရွက် နေကြောင်း ပြောကြား ခဲ့သည်။

အင်တာဗျူးတွင် နန်စား ကျွန်းစုများသည် ကုန်းမြေ နှင့် ကွာဝေးပြီး ရေကြောင်း သွားလာမှု များပြားသောကြောင့် ရေကြောင်း မတော်တဆမှု ဖြစ်တက်ကြောင်း ၊ တရုတ် နိုင်ငံမှ ကျွန်း အဆောက်အအုံ ပြုလုပ်ရခြင်း၏ အဓိက အကြောင်း အရင်းမှာ ရေကြောင်း ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ခြင်း ၊ သဘာဝ ဘေး အန္တရာယ် ကာကွယ်ခြင်း ၊ ရေကြောင်း သုတေသန ဆောင်ရွက်ခြင်း ၊ ရာသီဥတု တိုင်းတာခြင်း ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ခြင်း ၊ ရေကြောင်း ခရီး လုံခြုံမှု ရရှိရန်နှင့် ရေလုပ်ငန်း ထုတ်လုပ်မှု စသည့် နိုင်ငံ တကာ လုပ်ငန်း တာဝန်များ ကို ဆောင်ရွက် သွားရန် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံနှင့် ပတ်ဝန်းကျင် နိုင်ငံမှ တောင်တရုတ် ပင်လယ် အတွင်း သွားလာ နေသော သင်္ဘောများ အတွက် လိုအပ် သည့် ဝန်ဆောင်မှုများ ပြုလုပ်ပေး နိုင်ရန် အတွက် လေဆိပ် ၊ ဆိပ်ကမ်း ၊ ဆက်သွယ်ရေး ၊ ရာသီဥတု တိုင်းတာရေး ၊ ရေကြောင်း လုံခြုံရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် အဆောက်အအုံ များကို တည်ဆောက်သွားရ ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)